North America
အမေရိကန် မြို့တော်ရှိ ထရမ့်ဟိုတယ် ဝင်ငွေ ၂၀၁၇ ခုနှစ် ပထမ လေးလအတွင်း ဒေါ်လာ ၂ သန်း ရရှိခဲ့

ဝါရှင်တန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အိမ်ဖြူတော် အနီးရှိ ထရမ့် နိုင်ငံတကာ ဇိမ်ခံဟိုတယ်က ယခုနှစ် ပထမ လေးလအတွင်း အသားတင် အမြတ်ငွေ ၁.၉၇ သန်း ရရှိခဲ့ကြောင်း လတ်တလော ထုတ်ပြန်ထားသည့် ဖက်ဒရယ် အချက်အလက်များအရ သိရသည်။
အဆိုပါ ဟိုတယ်သည် ဝါရှင်တန်ဒီစီမြို့လယ်ရှိ နိုင်ငံပိုင် စာတိုက်ရုံးဟောင်း အဆောက်အဦ အထဲ၌ တည်ရှိပြီး မြို့အတွင်းရှိ အခြား ဟိုတယ် အများစုထက် ဈေးကြီးကြောင်း ဒေသခံ မီဒီယာက သြဂုတ်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန် သမ္မတအဖြစ် ဒေါ်နယ်ထရမ့် တာဝန်ယူပြီး ပထမနှစ်လည်း ဖြစ်သည့် ယခုနှစ်အတွင်း ထို ဟိုတယ်သို့ လာရောက် တည်းခိုမည်ဆိုပါက လူတစ်ဦး ပျမ်းမျှ တစ်ညလျှင် အမေရိကန်ဒေါ်လာ ၆၅၂ ကျသင့်မည် ဖြစ်ကြောင်း အထွေထွေ အုပ်ချုပ်ရေးလုပ်ငန်းများမှ လတ်တလော အွန်လိုင်းပေါ်တွင် ထုတ်ပြန်လိုက်သည့် အချက်အလက်များ၌ တွေ့ရသည်။
အခြား ဟိုတယ်ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက Four Seasons နှင့် Willard InterContinental ကဲ့သို့သော ဟိုတယ်များ၌ တစ်ည တည်းခိုစရိတ်မှာ ၄၉၅ ဒေါ်လာခန့်သာရှိကြောင်း သိရသည်။ (Xinhua)