Connect with us

North America

ထရမ့်အား ကိုရီးယား နျူကလီးယားအရေးနှင့် ပတ်သက်၍ ကန့်သတ်မှုလုပ်ဆောင်ရန် ရှီကျင့်ဖိန် တိုက်တွန်း

အမေရိကန်နိုင်ငံ မာ-အာ-လာဂို စံအိမ်တော်တွေ့ဆုံဆွေးနွေးနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) တို့အား ၂၀၁၇ ခုနှစ် ဧပြီလ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယနေ့ (သြဂုတ်လ ၁၂ ရက်) တယ်လီဖုန်းဖြင့် ပြောဆိုရာတွင် ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးနှင့် ပတ်သက်၍ ကန့်သတ်မှုများ လုပ်ဆောင်ရန် သက်ဆိုင်ရာနိုင်ငံများအား တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။

သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှု

များ မြင့်တက်စေမည့် မှတ်ချက်များနှင့် လုပ်ဆောင်မှုများအား ရှောင်ရှားသင့်ကြောင်း ရှီက ပြောကြားခဲ့ပြီး ယင်းအရေးနှင့် ပတ်သက်၍ သင့်လျော်သော အဖြေ ရှာဖွေရာတွင် အမေရိကန်နှင့်အတူ လက်တွဲလုပ်ဆောင်ရန်အသင့်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နှင့် အမေရိကန်တို့သည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရန်အတွက် လုပ်ဆောင်ရာတွင် ဘုံ အကျိုးကျေးဇူးများ ရှိကြောင်း ရှီက အလေးထား ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်ကလည်း နျူကလီးယားအပေါ် တရုတ်၏ အားထုတ်ကြိုပမ်းမှုများအား အမေရိကန်က အပြည့်အဝ နားလည်ပါကြောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း ဘုံဆက်စပ်သော အဓိက ကိစ္စရေးရာများ၌ တရုတ်နှင့် နီးကပ်စွာ ဆက်ဆံသွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.