Connect with us

North America

မြောက်ကိုရီးယား မှ ဒုံးကျည်ပစ်ခတ်ပါက ဂူအမ်ကျွန်း၌ သတိပေးချိန် ၁၄မိနစ်ရရှိမည်ဖြစ်ကြောင်း တာဝန်ရှိသူများပြောကြား

-မောက်ကိုရီးယားနိုင်ငံမှ တိုက်ချင်းပစ်ဒုံးကျည် ဟွာဆုန်း-၁၄ အား ဇူလိုင် ၄ ရက် က တွေ့ရှိရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

မြောက်ကိုးရီးယားနိုင်ငံသည် ဂူအမ်ကျွန်းသို့ ဦးတည်၍ ဒုံးကျည်များပစ်ခတ်ပါက ကျွန်းပေါ်သို့ ရောက်ရှိရန် ၁၄မိနစ်ကြာမြင့်နိုင်မည်ဖြစ်ပြီး ယင်းအချိန်အတွင်း အများပြည်သူအား သတိပေးနိုင်မည်ဖြစ်ကြောင်း ဂူအမ် အမိမြေလုံခြုံရေးဋ္ဌာန က သြဂုတ် ၁၀ ရက်တွင်ပြောကြားခဲ့သည်။

ဂူအမ် အမိမြေလုံခြုံရေးဋ္ဌာန ၏ ပြောရေးဆိုခွင့်ရှိသူ Jenna Gaminde ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်း သတင်းစာဖြစ်သည့် Pacific နေ့စဉ်သတင်းစာက ဂူအမ်ကျွန်းတစ်လျှောက် အနိမ့်ပိုင်းဧရိယာများ ရှိ အလုံးစုံဘေးအန္တရာယ်သတိပေးမှုစနစ်၏ ဥသြများက ကျွန်းသူကျွန်းသားများအား ချက်ချင်း သတိပေးနှိုးဆော် သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အလုံးစုံဘေးအန္တရာယ်သတိပေးမှုစနစ် အား ၂၀၁၄ခုနှစ် တွင် စတင် တပ်ဆင်ခဲ့ပြီး ဆူနာမီ၊ ငလျင်၊ ရေကြီးမှု နှင့် အခြား ဘေးအန္တရာယ် အပါအဝင် ဘေးအန္တရာယ်အားလုံးအတွက် ပုံစံရေးဆွဲထားသည့် စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။

Gaminde က အမိမြေလုံခြုံရေးဋ္ဌာန ကို စစ်တပ်က အသိပေးနှိုးဆော်ပေးမည်ဖြစ်ပြီး ဋ္ဌာနမှနေ၍ ဆက်သွယ်ရေးပုံစံမျိုးစုံဖြင့် အများပြည်သူသိရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ဥသြသံကြားရပါက ညွှန်ကြားချက်များထပ်မံရရှိရန် ရေဒီယို၊ ရုပ်မြင်သံကြား၊ အစရှိသည့် ပြည်တွင်း မီဒီယာများကို ဖွင့်ကာ နားစွင့်နေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဒုံးကျည်ကာကွယ်ရေးစနစ်အား ပြည်သူထောက်ခံမှုရရှိရန် လုပ်ဆောင်နေသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သော ဒုံးကျည်ကာကွယ်ရေးစည်းရုံးလှုံ့ဆော်မှု မဟာမိတ်အဖွဲ့ (MDAA) က အန်ဒါဆန်လေတပ်အခြေစိုက်စခန်းတွင် ကာကွယ်ရေးဋ္ဌာနက ပုံသေထားရှိထားသည့် လေကြောင်းကာကွယ်မှုစနစ် (THAAD) နှင့် AN/TPY-2 ရေဒါစနစ်များအပါအဝင် အမေရိကန်ဒုံးကျည်ကာကွယ်ရေးစနစ်များက ဂူအမ်ကျွန်းအား အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယား စစ်တပ်က သြဂုတ်လလယ်တွင် အမေရိကန်ပိုင် ဂူအမ်ကျွန်းအား တာလတ်ဒုံးကျည်များဖြင့် တိုက်ခိုက်ရန် စီစဉ်နေကြောင်း နှင့် ယင်းအစီအစဉ် ဆောင်ရွက်ခြင်းရှိ၊မရှိ သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ဆုံးဖြတ်ချက်အပေါ်မူတည်နေကြောင်း ထုတ်ပြန်ချက်၌ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယားအနေဖြင့် အမေရိကန်ကို နောက်ထပ်မည်သည့် ခြိမ်းခြောက်မှုမျိုးကိုမျှ မပြုလုပ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ သို့မဟုတ်ပါက မြောက်ကိုရီးယားသည် ကမ္ဘာပေါ်တွင် မည်သူမျှ မကြုံတွေ့ဖူးသည့် ပြန်လည်ပစ်ခတ်နှိမ်နင်းမှုများနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် မြောက်ကိုရီးယား က ယင်းကဲ့သို့ ပြန်လည်တုံ့ပြန်ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.