North America
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ဈေးဝယ်စင်တာတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၀ ဦးဒဏ်ရာရ

ဝါရှင်တန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် Plantation ရှိ ဈေးဝယ်စင်တာတစ်ခု၌ ဇူလိုင် ၆ ရက်တွင် ဓာတ်ငွေ့ပေါက်ကွဲမှုတစ်ခုကြောင့် အနည်းဆုံး ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ဈေးဝယ်စင်တာတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၀ ဦးဒဏ်ရာရ
“ တက္ကသိုလ်အဝင်လမ်း နဲ့ပီတာလမ်း တွေမှာ အဝင်အထွက်မလုပ်ကြဖို့သတိပေးချင်ပါတယ်။ မတော်တဆပေါက်ကွဲမှုတစ်ခုကြောင့် မီးကြွင်းမီးကျန်တွေ ရှိနေသေးလို့ပါ” ဟု Plantation ရဲဌာန တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။အဆိုပါ ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်းကို Plantation မီးသတ်ဌာနက တွစ်တာတွင် အတည်ပြုရေးသားခဲ့သည်။(Xinhua)