Connect with us

North America

ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် ပမာဏ ၇.၁ ရှိသော အင်အားပြင်းငလျင်လှုပ်

ကယ်လီဖိုးနီးယားပြည်နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် လမ်းပျက်စီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း၌ ပမာဏ ၇.၁ ရှိသော အင်အားပြင်းငလျင်တစ်ခု ဇူလိုင်လ ၅ ရက် ဒေသစံတော်ချိန် ည ၈း၁၉ နာရီတွင် လှုပ်ရှားသွားကြောင်း သိရသည်။

အဆိုပါ ငလျင်၏ဗဟိုချက်မှာ လော့စ်အိန်ဂျလိစ်မြို့လယ် မြောက်ဘက် ၂၇၂ ကီလိုမီတာရှိ ရစ်ဂါခရက်စ်မြို့အနီးတွင် လှုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒလုပ်ငန်း (USGS) ဖော်ပြချက်အရ သိရသည်။ ငလျင်လှုပ်ရှားမှုဒဏ်အား ဒေသခံများစွာက ခံစားခဲ့ရကြောင်း သိရသည်။ (Xinhua)