ရီယာ့ဒ်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံသည် ကာတာနိုင်ငံသားတစ်ဦးအပါအဝင် လူ ၄၆ဦးအား လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်မှုများပြုလုပ်သည့် စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဆော်ဒီသတင်းဋ္ဌာနက အောက်တိုဘာ ၄ ရက်တွင်ဖော်ပြခဲ့သည်။
တန်ဇန်းနီးယား၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံ စီးပွားရေးမြို့တော် Dar es Salaam မြို့ တွင် အဆိပ်သင့်စေသည်ဟု ယူဆရသော ပြည်တွင်းဖြစ်ဘီယာများသောက်သုံးမှုကြောင့် လူ ၉ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းခေါင်းဆောင်တစ်ဦးက အောက်တိုဘာ ၄ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်(Donald Trump) အား ပုဂ္ဂိုလ်ရေး ဝေဖန်မှုပြုလုပ်ခဲ့ပြီး လာမည့်နွေရာသီတွင် ရာထူးမှ နုတ်ထွက်မည်ဟူသော ကောလာဟလများကို အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး တီလာဆန်က အောက်တိုဘာလ ၄ ရက်တွင် ငြင်းဆိုလိုက်သည်။
အဘူဂျာ ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) နိုက်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း၌ စက်လှေတစ်စင်းတိမ်းမှောက်မှု ဖြစ်ပွားရာ လူပေါင်း ၂၂ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ဒေသတွင်း မီဒီယာက အောက်တိုဘာ ၄ ရက်တွင် ဖော်ပြခဲ့သည်။
ကဘူးလ် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၌ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်သွေးကြွနှိမ်နင်းရေး စစ်ဆင်ရေးများကြောင့် ၂၄ နာရီအတွင်း စစ်သွေးကြွ ၈၁ ဦးကို သုတ်သင်နိုင်ခဲ့ပြီး အခြား ၁၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၄ ရက်တွင် ပြောကြားခဲ့သည်။
ဘေရွတ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံအတွင်း လုံခြုံရေး အခြေအနေ တည်ငြိမ်လာသည့်အတွက် ခရီးသွားလာရေး အကြောင်းကြားချက်အား ဗြိတိန်အစိုးရက အောက်တိုဘာလ ၂ ရက်တွင် ဖြေလျှော့ပေးလိုက်ကြောင်း သိရသည်။
မော်စကို၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံတွင် ရုရှားတပ်ဖွဲ့လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် အယ်ကေဒါ အကြမ်းဖက်အဖွဲ့ နှင့် ဆက်စပ်မှုရှိသော နျူဆာတပ်ဦး ခေါင်းဆောင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ယင်းအကြမ်းဖက်အုပ်စု၏ တပ်မှူး ၁၂ဦး သေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဋ္ဌာနက အောက်တိုဘာ ၄ ရက်တွင်ပြောကြားခဲ့သည်။
အော့တိုဝါ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau သည် အောက်တိုဘာ လလယ်တွင် အမေရိကန်နိုင်ငံ နှင့် မက္ကဆီကိုနိုင်ငံများ သို့ အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ်ရုံးက အောက်တိုဘာ ၃ရက်တွင် ပြောကြားခဲ့သည်။
အက်စ်တာနာ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ကာဇက်စတန်နိုင်ငံ တောင်ပိုင်းဒေသတွင် အောက်တိုဘာလ ၃ ရက်က လေယာဉ် တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ငါးဦးလုံး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တီဟီရန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ဆီးရီးယား ပဋိပက္ခများအတွင်း အာဖဂန်ကလေးငယ်များကို အသုံးပြုနေကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တစ်ခုကို အာဖဂန်နစ္စတန်နိုင်ငံရှိ အီရန်သံရုံးက ငြင်းဆိုခဲ့ကြောင်း တီဟီရန်တိုင်းမ် နေ့စဉ် သတင်းစာက အောက်တိုဘာ ၃ ရက်တွင်ဖော်ပြခဲ့သည်။