Connect with us

Asia

ကာဇက်စတန် လေယာဉ် ပျက်ကျမှုတွင် လူ ငါးဦး သေဆုံး

ကာဇက်စတန်တွင် ပျက်ကျခဲ့သည့် လေယာဉ်ငယ် တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အက်စ်တာနာ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ကာဇက်စတန်နိုင်ငံ တောင်ပိုင်းဒေသတွင် အောက်တိုဘာလ ၃ ရက်က လေယာဉ် တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ငါးဦးလုံး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

An-28 လေကြောင်း ဆေးဘက်ဆိုင်ရာ လေယာဉ် တစ်စင်းသည် Almaty ဒေသ Ili ခရိုင်၌ ဒေသစံတော်ချိန် ညနေ ရး၁၅ နာရီအချိန်တွင် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန အရေးပေါ် အခြေအနေများ ကော်မတီ ပြောခွင့်ရပုဂ္ဂိုလ် Ruslan Imankulov က ပြောကြားခဲ့သည်။

လေယာဉ် ပျက်ကျသည့်နေရာ၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးသမားများက မီးသတ်ယူနစ် သုံးခုမှ မီးငြှိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။

ကာဇက်စတန်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဋ္ဌာန မြို့ပြ လေကြောင်းကော်မတီ၏ အဆိုအရ Eastwing လေကြောင်းလိုင်းမှ လေယာဉ်သည် Almaty-Shymkent လမ်းကြောင်းအတိုင်း ပျံသန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.