မော်စကို ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် နှင့် တူရကီနိုင်ငံသမ္မတ အာဒိုဂန် တို့သည် တူရကီနိုင်ငံသို့S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ လွှဲပြောင်းရေး ၎င်းတို့၏ စာချုပ်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် နှင့် နှစ်နိုင်ငံအနေဖြင့် နည်းပညာမြင့်လက်နက်များ ပူးတွဲထုတ်လုပ်ရေးအတွက် စတင်လက်တွဲသွားရန် ဧပြီ ၈ ရက်က သဘောတူညီခဲ့ကြကြောင်း...
တီဟီရန် ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အီရန် နိုင်ငံ အမျိုးသား လုံခြုံရေး ဆိုင်ရာ အမြင့်ဆုံး ကော်မတီ က အမေရိကန် နိုင်ငံ ၏ အနောက်အာရှ ရှိ အလယ်ပိုင်း စစ်ဌာနချုပ် နှင့် ၎င်း ၏ လက်အောက်ခံ တပ်ဖွဲ့...
ဒါကာ၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ချတ်တိုဂရမ် ပင်လယ်ဆိပ်ကမ်းမြို့ရှိ နိုင်ငံ၏ ဒုတိယအကြီးဆုံး လေဆိပ်တွင် ဧပြီလ ၈ ရက် နံနက်ပိုင်း၌ အကောက်ခွန် အရာရှိများက အလေးချိန် ၂၃ ကီလိုဂရမ်ကျော်ရှိသော ရွှေချောင်း ၂၀၀ ဖမ်းမိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်၊ဧပြီလ ၈ ရက်(ဆင်ဟွာ) ARSA အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖြစ်သော အိုစမန်ဂေါ်နီ ဆိုသူအား မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင် ပြည်နယ်အတွင်းရှိနယ်စပ်မြို့တစ်မြို့၌ မတ်လ ၃၀ ရက်ကမြန်မာအာဏာပိုင်များကဖမ်းဆီးရရှိခဲ့သည် ဟုမြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့က ဧပြီလ ၈ ရက်ကသတင်းထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေး ဝန်ကြီး ကာ့စ်ဂျန် နီလ်ဆန် (Kirstjen Nielsen) ရာထူးမှနုတ်ထွက်တော့မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဧပြီလ ၇ ရက်တွင် တွစ်တာပေါ်၌ ရေးသားထားသည်။
တူနီးစ်၊ဧပြီလ ၈ ရက်(ဆင်ဟွာ) တူနီရှားနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဧပြီလ ၇ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီးပက်လက်လန် တိမ်းမှောက်ခဲ့ရာ အနည်းဆုံးလူငါးဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရခဲ့ကြောင်းတူနီရှားကျန်းမာရေးဝန်ကြီး ဌာန၏ကြေညာချက်တစ်စောင်တွင်ဖေါ်ပြခဲ့သည်။
ရီယိုဒီဂျနေးရိုး၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ မြောက်ပိုင်း ပါရာပြည်နယ်တွင် ဧပြီလ ၆ ရက် အစောပိုင်းက တံတားတစ်စင်း တစ်စိတ်တစ်ပိုင်း ပြိုကျပြီးနောက် မြစ်အတွင်းသို့ ပြုတ်ကျသွားခဲ့ကြောင်း သေဆုံး၊ ဒဏ်ရာရသူများ ရှိနိုင်ကြောင်း အာဏာပိုင်းများက ပြောကြားခဲ့သည်။
တီဟီရန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ တောင်ပိုင်းတွင် ဧပြီ ၆ ရက်က ဆောက်လုပ်နေဆဲ ရေငုပ်သင်္ဘောပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ သုံးဦးသေဆုံးခဲ့ကြောင်း Farsသတင်းအေဂျင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ထရီပိုလီ၊ဧပြီလ ၇ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံအရှေ့ပိုင်းအခြေစိုက်တပ်ဖွဲ့ကလစ်ဗျားနိုင်ငံအနောက်ပိုင်းရှိ ကုလသမဂ္ဂထောက်ခံသော အစိုးရ၏စစ်တပ်အနေဖြင့် ဒေသအတွင်းစိုးမိုးနိုင်ရန်ဆက်လက်အားထုတ်နေမှုကြောင့် ၎င်း၏လေတပ် စခန်းများနှင့်တိုက်လေယာဉ်များကိုတိုက်ခိုက်သွားမည်ဖြစ်ကြောင်းဧပြီလ ၆ ရက်ကခြိမ်းခြောက်ပြော ကြားခဲ့ပါသည်။
ဂျကာတာ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Nusa Tenggara ပြည်နယ်တွင် အင်အား ၆.၁ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ရှားသွားကြောင်းနှင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်းက ပြောကြားခဲ့သည်။