Connect with us

Europe

ပြင်သစ်နိုင်ငံ နေရာအများအပြားတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွား ၊ လူပေါင်း ၆၀ ကျော် ဖမ်းဆီးခံရ

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ဒီဇင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ပါရီ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ပြင်သစ်နိုင်ငံရှိ မြို့အများအပြားတွင် ဒီဇင်ဘာ ၅ ရက်က ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားခဲ့ရာ အချို့နေရာများတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူ ၆၀ ကျော် အဖမ်းခံခဲ့ရကြောင်း သိရသည်။

ပါရီ၊ မာဆေး၊ လီယွန်၊ လိုင်လီစသည့်မြို့များအပါအဝင် ပြင်သစ်နိုင်ငံ နေရာအများအပြားတွင် ဆန္ဒပြလှုပ်ရှားမှု ၉၀ ကျော် ဖြစ်ပွားခဲ့ပြီး ယခုကာလများအတွင်း အစိုးရအဆိုပြုသည့် လုံခြုံရေးဥပဒေမူကြမ်းကို ဆန့်ကျင်ခဲ့ကြကြောင်း ပြင်သစ် သတင်းမီဒီယာများ၏ပြောကြားချက်များအရ သိရသည်။

လုံခြုံရေးဥပဒေမူကြမ်း ပုဒ်မ ၂၄ စသည့်အကြောင်းအရာများကို ဖျက်သိမ်းပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။ ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာန၏ ခန့်မှန်းတွက်ချက်မှုများအရ တစ်နိုင်ငံလုံးတွင် ယင်းနေ့ ဆန္ဒပြလှုပ်ရှားမှု၌ ပါဝင်သူ ၅ သောင်းကျော် ရှိရာ ၎င်းတို့အနက် ပါရီမြို့တွင် လူပေါင်း ၅,၀၀၀ ခန့် ရှိကြောင်း သိရသည်။

ထုခွဲဖျက်ဆီးလုယက်သူ ၄၀၀၊ ၅၀၀ ခန့်သည် ဆန္ဒပြအဖွဲ့များတွင် ရောနှောဝင်ရောက်ကာ လမ်းတစ်လျှောက်ရှိ ကုန်စုံဆိုင်၊ဘဏ်များ၏ မှန်များကို ရိုက်ခွဲဖျက်ဆီးပြီး ကားအချို့ကို မီးရှို့ခဲ့ကြောင်း ပါရီ ရဲတပ်ဖွဲ့က ဆိုသည်။
လူ ၆၄ ဦးကို ဖမ်းဆီးထားပြီဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး Gérald Darmaninက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားခဲ့သည်။

ပြင်သစ်အစိုးရက မကြာသေးမီတွင် လုံခြုံရေး ဥပဒေမူကြမ်း အဆိုပြုခဲ့ပြီး လွှတ်တော်တွင် စိစစ်ရန် တင်သွင်းခဲ့သည်။ ၎င်းအနက် ပုဒ်မ ၂၄ အရ ရဲတပ်ဖွဲ့ဝင်နှင့်စစ်တပ်တပ်ဖွဲ့ဝင်များ၏ပုံရိပ်ကို အဆိုးသဘောဖြင့်တမင်ရည်ရွယ်ဖြန့်ဝေခြင်း၊ ၎င်းတို့၏ မျက်နှာသွင်ပြင်နှင့်ကိုယ်ရေးအချက်အလက်ကို ထုတ်ဖော်ခြင်း စသည့် လုပ်ဆောင်မှုများကို ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံတွင် ယခုကာလများအတွင်း ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏အကြမ်းဖက် တရားဥပဒေစိုးမိုးရေးလုပ်ဆောင်ချက်သည် လူမှုအသိုက်အဝန်းအကြား လုံခြုံရေးဥပဒေမူကြမ်းနှင့်စပ်လျဉ်းသည့် ဥပဒေပုဒ်မ အကြောင်းအရာများအပေါ် မကျေနပ်မှုကို ပို၍ဆိုးဝါးစေခဲ့ရာ နိုဝင်ဘာ ၂၈ ရက်က ပြင်သစ်နိုင်ငံ မြို့အများအပြားတွင် ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။

အစိုးရအနေဖြင့် ပုဒ်မ ၂၄ ကို ဖျက်သိမ်းမည်မဟုတ်သော်လည်း ပြန်လည်ပြင်ဆင်ရေးဆွဲသွားမည်ဖြစ်ပြီး သဟဇာတဖြစ်သည့် ဖြေရှင်းမှုနည်းလမ်း တစ်ခုကို ရှာဖွေမည်ဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုဖိအားကို ဖြေရှင်းရန် ပြင်သစ်ဝန်ကြီးချုပ်Jean Castexက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

#France, #demonstration, #Xinhua, #ပြင်သစ်, #ဆန္ဒပြလှုပ်ရှားမှု, #ဆင်ဟွာ

……………………………..

(Chinese Version)

法国多地示威者和警察发生冲突60多人被捕

新华社巴黎12月5日电(记者唐霁)法国多个城市5日举行游行示威活动,警方和示威者在部分游行地点发生冲突,60多名示威者被逮捕。

法国媒体报道说,包括巴黎、马赛、里昂、里尔等城市在内的法国多地举行了90多场游行示威活动,发对政府近期提出的《整体安全法》法案。示威者要求政府删除《整体安全法》法案第24条款等内容。据法国内政部统计,当天全法超过5万人参加游行示威活动,其中巴黎大约有5000人。

巴黎警察局说,有400至500名打砸抢分子混入游行队伍,砸坏沿街部分商家和银行的玻璃,并烧毁一些车辆。法国内政部长达尔马宁在社交媒体上说,已有64人被捕,8名警察受伤。

法国政府不久前提出《整体安全法》法案,并提交议会审议。其中第24条款规定,对恶意传播警察和宪兵形象、泄露其面部特征和身份信息的行为进行处罚。法国近期发生的警察暴力执法事件,加剧了法国社会舆论对《整体安全法》法案相关条款的不满,并引发了11月28日法国多个城市的大规模游行示威。面对舆论压力,法国总理卡斯泰12月1日表示, 政府不会删除第24条款,但会重新修改这一条款,找到一个“平衡的解决方案”。(完)

(201206) — PARIS, Dec. 6, 2020 (Xinhua) — Gendarmes guard during a demonstration in Paris, France, Dec. 5, 2020. (Photo by Aurelien Morissard/Xinhua)

(201206) — PARIS, Dec. 6, 2020 (Xinhua) — Firefighters distinguish a fire during a demonstration in Paris, France, Dec. 5, 2020.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.