ဝါရှင်တန် ၊ မေ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၏ “ထျန်းဝန်-၁” အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ခြင်းအပေါ် အမေရိကန် NASA တွဲဖက်အုပ်ချုပ်ရေးမှူး Thomas Zurbuchen က မေ ၁၅ ရက်၌ ံ ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။
တိုကျို ၊ မေ ၁၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ Hokkaido ဟော့ကိုင်းဒိုးစီရင်စု၌ ယနေ့ မေ ၁၆ ရက်တွင် ပြင်းအား ၆ ဒသမ ၁ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ(JMA) ထံမှ သိရသည်။
ဝါရှင်တန် ၊ မေ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုး ဘိုင်ဒန်က မေ ၁၅ ရက်တွင် အစ္စရေး နှင့် ပါလက်စတိုင်း ခေါင်းဆောင်တို့နှင့် သီးခြားစီဖုန်းဆက်သွယ်၍ ပါလက်စတိုင်း-အစ္စရေး နှစ်ဘက်အကြား ဆက်လက် ဖြစ်သွားနေသော ပဋိပက္ခနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကိုလံဘို ၊ မေ ၁၆ ရက်(ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်တွင် ကြီးမားသောဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်ခြင်းကြောင့် သီရိလင်္ကာနိုင်ငံ၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးကာ ၄၂,၀၀၀ ကျော်မှာ ဘေးသင့်ခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲမှုစင်တာ(DMC)၏ မေ ၁၅ ရက်တွင် နောက်ဆုံးထုတ်ပြန်သော...
အစ္စလာမ်မာဘတ်၊ မေ ၁၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းပန်ဂျပ်ပြည်နယ်ရှိ ဆိုင်ခွန်ပူရာခရိုင်၌ မေ ၁၄ ညနေပိုင်း တွင် ခရီးသည်တင်ဗန်ကား တစ်စီးသည် တူးမြောင်းထဲသို့ ပြုတ်ကျပြီးနောက် ကလေး ၇ ဦး အပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာ...
နယူးဒေလီ၊ မေ ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ်ရှိ ထိန်းသိမ်းကာကွယ်ထားသော Kondali သစ်တောကြိုးဝိုင်းအတွင်း မိုးကြိုးပစ်ခံရသည်ဟု ယူဆရသော ဆင် ၁၈ ကောင်ထက်မနည်း သေဆုံးနေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင် ဆင်ကောင်ရေ ၃၀,၀၀၀ နီးပါးရှိကြောင်း၊ ယင်းမှာ အာရှတောရိုင်းဆင် အရေအတွက်၏ ၆၀...
ဂါဇာ၊ မေ ၁၅ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် အစ္စရေးနှင့် အစ္စလာမ်မစ် ဟာမက်စ် လှုပ်ရှားမှုအဖွဲ့အကြား တင်းမာမှုသည် မေ ၁၄ ရက်၌ ၅ ရက်မြောက်နေ့အဖြစ် ရောက်ရှိလာခဲ့ပြီး အပစ်အခတ်ရပ်စဲရေး လက္ခဏာတစ်စုံတစ်ရာ မတွေ့မြင်ရသေးကြောင်း သိရသည်။ တစ်ညလုံးနှင့် အရုဏ်မတက်မီချိန်အထိ နှစ်ဘက်ကြား စစ်ရေးအရ...
ဂါဇာ၊ မေ ၁၄ ရက်(ဆင်ဟွာ) အစ္စရေးစစ်တပ်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသကို မည်သည့် မြေပြင်လှုပ်ရှားမှုမျှမပြုလုပ်ဖို့ ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟာမက်စ်)၏ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ တပ်မဟာ Al-Qassam က မေ ၁၃ ရက် ညပိုင်းတွင် သတိပေးပြောကြားခဲ့သည်။ သတိပေးချက်ကို မလိုက်နာပါက ပို၍ရက်စက်ကြမ်းကြုတ်သည့် သင်ခန်းစာများကို ရင်ဆိုင်သွားရမည်ဟု...
ဝါရှင်တန်၊ မေ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့ပိုင်း ရုဒ်အိုင်းလန်းပြည်နယ် မြို့တော် ပရောဗစ်ဒန့်စ်မြို့တွင် မေ ၁၃ ရက် ညနေပိုင်း၌ အရေအတွက်မသိရသော သံသယရှိသူများက ကားပေါ်မှသေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အသက် ၁၉ နှစ်မှ ၂၅ နှစ်ကြား အမျိုးသမီးတစ်ဦး အပါအဝင် လူ ၉...
ဂျေရုဆလင်၊ မေ ၁၄ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသမှ ဒုံးကျည်တိုက်ခိုက်မှုကြောင့် မေ ၁၃ ရက်နေ့ တွင် အသက် ၈၇ နှစ်အရွယ်ရှိ အစ္စရေးအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နောက်ဆုံးဖြစ်ပွားလျက်ရှိသည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကြောင့် အစ္စရေးဘက်မှ စုစုပေါင်း သေဆုံးသူ ၈ ဦးရှိလာကြောင်း သိရသည်။ ယင်းအမျိုးသမီးသည်...