Connect with us

Asia

ဘရူနိုင်းနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြု လူနာသစ် မတွေ့ရှိဟု ဆို

ဘရူနိုင်း နိုင်ငံ ဘန်ဒါဆာရီ ဘီဂါဝန်မြို့၌ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က ကျင်းပပြုလုပ်သည့် ၃၅ နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားတွင် ဘုရင် ဟာဆန်နာ ဘိုကီးရား ဂုဏ်ပြုတပ်ဖွဲ့အား အလေးပြုနေစဉ်(ဆင်ဟွာ)

ဘန်ဒါဆာရီဘီဂါဝန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ဘရူနိုင်းနိုင်ငံသည် တစ်နိုင်ငံလုံးအတိုင်းတာ ရောဂါဖြစ်ပွားသူ ၁၅၁ ဦးဖြင့် ဆက်လက်ရပ်တည်နေခြင်း နှင့်အတူ ယနေ့ ဒီဇင်ဘာ ၆ ရက်တွင် အတည်ပြုလူနာသစ် မတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဘရူနိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ နိုင်ငံအတွင်း ရောဂါပြန်လည်သက်သာကောင်းမွန်သွားသူ ၁၄၇ ဦးရှိခဲ့သည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး နောက်ထပ် လူနာသစ်ရော ၊ ရောဂါသက်သာ ပျောက်ကင်းသူပါ မရှိခဲ့ကြောင်း ဆိုသည်။ လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါဖြစ်ပွားနေသူတစ်ဦးရှိပြီး ၎င်းအား သီးသန့်ခွဲခြားကုသရေးစင်တာ တွင်ထားရှိ၍ ကုသမှုများ ဆက်လက်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

မေလ ၆ ရက်က ပြည်တွင်း ကူးစက်မှု နောက်ဆုံးအတည်ပြုလူနာတွေ့ရှိချိန်မှစတင်ကာ နိုင်ငံအတွင်း ပြည်ပမှ ဝင်ရောက်လာသော အတည်ပြုလူနာ စုစုပေါင်း ၁၀ ဦးထိ ရှိခဲ့သည်ဟု ဘရူနိုင်းကျန်းမာရေး ဝန်ကြီးဌာနက ဆိုသည်။ လက်ရှိတွင် ဘရူနိုင်းနိုင်ငံသည် ရက်ပေါင်း ၂၁၄ ရက် ဆက်တိုက် COVID-19 ရောဂါပြည်တွင်း ကူးစက်မှု လုံးဝ မရှိသည့် စံချိန်တစ်ရပ်ကို တင်ထားနိုင်ခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် အစိုးရအစီစဉ်ဖြင့် ဖွင့်လှစ်ထားသည့် စောင့်ကြပ်ကြည့်ရှုရေးစင်တာများတွင် သီးခြားခွဲ၍ တစ်ဦးချင်းအလိုက် လက်ရှိ စောင့်ကြပ်ကြည့်ရှုခံနေရသူ ၄၈၆ ဦး ရှိကြောင်း ၊ ၎င်းတို့သည် ပြည်ပနိုင်ငံများသွားရောက်ခဲ့ပြီးနောက် ဘရူနိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

ဘရူနိုင်း နိုင်ငံတွင် COVID-19 ရောဂါဖြင့် သေဆုံးသူ ၃ ဦးရှိခဲ့ကြောင်း သိရသည်။(Xinhua)

#ဘရူနိုင်း,#ကိုဗစ်,#လူနာသစ်,#ထိန်းချုပ် #Brunei, #new case, #COVID-19, #recovered, #ဆင်ဟွာ

………………………

(English Version)

Brunei reports no new COVID-19 cases

BANDAR SERI BEGAWAN, Dec. 6 (Xinhua) — Brunei reported no new cases of COVID-19 on Sunday with the national tally standing at 151.

According to Brunei’s Ministry of Health, no more recovery was recorded, maintaining the total number of recovered cases at 147. There is one active case still being treated at the National Isolation Center.

A total of 10 imported cases have been confirmed since the last local infection case on May 6. At present, Brunei has recorded 214 days without COVID-19 local infections.

Meanwhile, currently there are 486 individuals who are undergoing mandatory isolation at the monitoring centers provided by the government, who have arrived in the country after traveling abroad.

There have been three deaths that resulted from COVID-19 in Brunei. Enditem

(1)Brunei’s Sultan Haji Hassanal Bolkiah salutes to the parading contingents during the 35th National Day celebration in Bandar Seri Begawan, capital of Brunei, Feb. 23, 2019. Brunei held massive parade and performances in the capital on Saturday to mark its 35th National Day. (Xinhua/Melvin Jong)

(2)A child plays a traditional musical instrument during the 35th National Day celebration in Bandar Seri Begawan, capital of Brunei, Feb. 23, 2019. Brunei held massive parade and performances in the capital on Saturday to mark its 35th National Day. (Xinhua/Jeffrey Wong)

(3)People from different Bruneian communities take part in the 35th National Day celebration in Bandar Seri Begawan, capital of Brunei, Feb. 23, 2019. Brunei held massive parade and performances in the capital on Saturday to mark its 35th National Day. (Xinhua/Jeffrey Wong)