Connect with us

Europe

အနာဂတ်ဆက်ဆံရေး ဆွေးနွေးမှုများ ပြန်လည်စတင်ရန် ဗြိတိန်နှင့် ဥရောပသမဂ္ဂနိုင်ငံခေါင်းဆောင်များ ညွှန်ကြား

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ လွှတ်တော်အဆောက်အဦအား ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် နှင့် ဥရောပကောင်စီ ဥက္ကဋ္ဌUrsula von der Leyenတို့က ဒီဇင်ဘာ ၅ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ပြီးနောက် ၎င်းတို့၏အဖွဲ့များအား ဒီဇင်ဘာ ၆ ရက်မှစ၍ ကုန်သွယ်ရေး သဘောတူညီချက်ကို ဗဟိုပြုသည့် အနာဂတ်ဆက်ဆံရေး ဆွေးနွေးမှုများ ပြန်လည်စတင်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ မျှတသည့်ယှဉ်ပြိုင်မှုပတ်ဝန်းကျင်၊ သဘောတူညီချက်ကို အကောင်အထည်ဖော်စီမံမှုနှင့် ငါးလုပ်ငန်းကဏ္ဍစသည့် ကဏ္ဍ ၃ ခု၏ ကွဲလွဲမှုများကို ဖြေရှင်းနိုင်ခြင်းမရှိပါက ကုန်သွယ်ရေးသဘောတူညီချက် ရရှိရန် မဖြစ်နိုင်ကြောင်း သိရသည်။

ဘောရစ်ဂျွန်ဆင်နှင့်Ursula von der Leyenတို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုအပြီးတွင် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်ထဲတွင် နှစ်ဖက်ဆွေနွေးညှိနှိုင်းမှုများ ကဏ္ဍအများအပြားတွင် တိုးတက်မှုများရရှိခဲ့သည့် အတွက် ကြိုဆိုကြောင်း ၊ သို့သော် မျှတစွာ ယှဉ်ပြိုင်နိုင်သည့်ပတ်ဝန်းကျင်၊ သဘောတူညီချက်ကို အကောင်အထည်ဖော်စီမံမှုနှင့် ငါးလုပ်ငန်းကဏ္ဍစသည့် ကဏ္ဍ ၃ ခု၌ ကြီးမားသည့်ကွဲလွဲမှုများရှိနေဆဲဖြစ်ရာ ၎င်းကိုဖြေရှင်းနိုင်ခြင်းမရှိပါက ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် မဖြစ်နိုင်ကြောင်း အလေးထားဖော်ပြထားသည်။

ကွဲလွဲခြင်း၏ ဆိုးဝါးမှုကို အသိရှိနေသည့် တစ်ချိန်တည်းတွင်ပင် ဆွေးနွေးညှိနှိုင်းမှုအဖွဲ့များက တစ်ဆင့်တိုး ကြိုးပမ်းမှုများ လုပ်ဆောင်သွားကာ ယင်းကွဲလွဲမှုများ ဖြေရှင်းနိုင်မှုရှိမရှိကို ခန့်မှန်းသုံးသပ်ရမည်ဟူ၍လည်း နှစ်ဖက်စလုံးက ယူဆကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“ဒါကြောင့် ကျွန်တော်တို့က ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တွေကို မနက်ဖြန် ဘရပ်ဆဲလ်မှာ ဆွေးနွေးမှုတွေ ပြန်လည် စတင်ဖို့ ညွှန်ကြားထားတယ် ”ဟု ဆိုသည်။

ကြေညာချက်အရ ဘောရစ်ဂျွန်ဆင်နှင့် Ursula von der Leyenတို့သည် ဒီဇင်ဘာ ၇ ရက် ညနေပိုင်းတွင် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဖုန်းဖြင့် နောက်ထပ်တစ်ကြိမ်ဆက်သွယ်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ လကုန်ပိုင်းက ဥရောပသမဂ္ဂ ဆွေးနွေးရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် မျက်နှာချင်းဆိုင်ဆွေးနွေးမှုများကို ခေတ္တရပ်နားခဲ့ပြီး ဆွေးနွေးမှုများကို အွန်လိုင်းပုံစံဖြင့် ပြောင်းလဲလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၂၈ ရက်တွင် လန်ဒန်၌ မျက်နှာချင်းဆိုင်ဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင်ခဲ့ရာ ငါးလုပ်ငန်း၊မျှတစွာယှဉ်ပြိုင်နိုင်မှုပတ်ဝန်းကျင်နှင့် သဘောတူညီချက်အကောင်အထည်ဖော် စီမံမှု စသည့် အဓိကအရေးကိစ္စများကို အကြိတ်အနယ် ဆွေးနွေးခဲ့သည်။ ရက်သတ္တတစ်ပတ် အပြင်းအထန် ဆွေးနွေးမှုများအပြီးတွင် သဘောတူညီချက်ရရှိရန် အခြေအနေမပေးသေး၍ အနာဂတ်ဆက်ဆံရေး ဆွေးနွေးမှုကို ခေတ္တယာယီ ရပ်နားမည်ဟု ဗြိတိန်နှင့် ဥရောပသမဂ္ဂက ဒီဇင်ဘာ ၄ ရက်တွင် ကြေညာခဲ့သည်။

ဗြိတိန်သည် ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ဥရောပသမဂ္ဂမှ တရားဝင်နုတ်ထွက်ခဲ့ပြီးနောက် အသွင်ကူးပြောင်းမှုကာလအနေဖြင့် ၁၁ လကြာ အချိန်ကို ရောက်ရှိခဲ့ပြီဖြစ်သည်။ အကယ်၍ အသွင်ကူးပြောင်းရေးကာလတွင် ဗြိတိန်နှင့် ဥရောပသမဂ္ဂအကြား သဘောတူညီချက်မရရှိပါက နှစ်ဖက်ကုန်သွယ်ရေးသည် ၂၀၂၁ ခုနှစ်မှစ၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ မူဘောင်အောက်တွင် နယ်စပ်စစ်ဆေးရေးနှင့်အကောက်အခွန်လုပ်ငန်းများကို ပြန်လည်စီစဉ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

#UK, #EU, #restart, #negotiations, #future relations, #Xinhua, #ဗြိတိန်, #ဥရောပသမဂ္ဂ, #ဆွေးနွေးမှုပြန်လည်စတင်, #အနာဂတ်ဆက်ဆံရေး, #ဆင်ဟွာ

 

……………………………..
(Chinese Version)

英国和欧盟领导人指示团队重启未来关系谈判

新华社伦敦12月5日电(记者王慧慧 金晶)英国首相约翰逊和欧盟委员会主席冯德莱恩5日通电话后说,他们已指示双方团队6日重启以贸易协议为核心的未来关系谈判。 但如果无法化解公平竞争环境、履约管理和渔业三大核心分歧,就不可能达成贸易协议。

约翰逊和冯德莱恩当天就谈判事宜通电话,并发表联合声明。声明说,双方对谈判在许多领域取得进展表示欢迎,但在公平竞争环境、履约管理和渔业三个关键问题上仍然存在重大分歧。双方强调,如果这些问题得不到解决,就不可能达成协议。

声明说,在认识到分歧严重性的同时,双方一致认为,谈判团队应该进一步努力,评估这些分歧是否能够得到解决。“因此,我们指示首席谈判代表明天在布鲁塞尔重启谈判。”

根据声明,约翰逊和冯德莱恩7日傍晚将再次就谈判事宜通电话。

11月下旬,因欧盟谈判团队一名成员感染新冠病毒,双方暂停面对面谈判,转至线上进行。11月28日,双方在伦敦恢复面对面谈判,继续在渔业、公平竞争环境和履约管理三大核心问题上博弈。经过一周紧张谈判后,英国和欧盟12月4日宣布,由于尚不具备达成协议的条件,暂停未来关系谈判。

英国今年1月31日正式“脱欧”,随后进入为期11个月的过渡期。若过渡期内英欧未达成贸易协议,双方贸易自2021年起将回到世界贸易组织框架下,重新实施边检和关税等安排。(完)

新华社照片,伦敦,2020年12月5日

英国和欧盟领导人指示团队重启未来关系谈判

这是12月5日在英国伦敦拍摄的议会大厦。