ဘန်မာကို ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) လတ်တလော ပုန်ကန်မှုပြုလုပ်နေသည့် မာလီနိုင်ငံ စစ်သားများ၏ ဖမ်းဆီးခြင်းခံရပြီး စစ်စခန်းတစ်ခုတွင် ချုပ်နှောင်ထိန်းသိမ်းခြင်းခံထားရသော မာလီ သမ္မတ Boubacar Keita သည် ၎င်းအနေဖြင့် သမ္မတရာထူးမှ နုတ်ထွက်ကြောင်း နှင့် ဝန်ကြီးချုပ် Boubou Cisse ၏ အစိုးရအဖွဲ့နှင့်...
မော်စကို၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံမှ တိုက်ခိုက်ရေးဂျက်လေယာဉ်များသည် ဘောလ်တစ်ပင်လယ်နှင့် ပင်လယ်နက်အပေါ်သို့ ပျံသန်းလားသည့် အမေရိကန် ကင်းထောက်လေယာဉ် သုံးစင်းနှင့် ဗြိတိန် ကင်းထောက်လေယာဉ် တစ်စင်းကို ဩဂုတ် ၁၇ ရက်က ကြားဖြတ်ဟန့်တားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။
ဝါရှင်တန် ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် ဩဂုတ် ၁၇ ရက်က အမေရိကန် အနောက်အလယ်ပိုင်း Wisconsin ပြည်နယ် ၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆင်းနေစဉ် ၎င်းသည် ရီပတ်ဘလီကန် ပါတီ သမ္မတ လောင်းတစ်ဦးအနေဖြင့် ကိုယ်စားလှယ်လောင်းအစည်းအဝေးကို...
ကဘူးလ် ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၏ ၁၀၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရန် နိုင်ငံအတွင်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေစဉ် ယနေ့ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းတွင် ကဘူးလ်မြို့တော်ရှိ သံတမန်ရပ်ကွက်တစ်ခုမှာ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လူ အသေအပျောက်များရှိနိုင်ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
ဗီယင်နာ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ဩစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာတွင် ဩဂုတ် ၁၇ ရက်က လက်နက် ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲ အသစ်တစ်ဖန် ကျင်းပခဲ့ရာ New START မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးစာချုပ် သက်တမ်းတိုးရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝါဆော၊ ဩဂုတ် ၁၇ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် ဩဂုတ် ၁၅ ရက်က ပိုလန်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး ပိုလန်တွင် တပ်ဖွဲ့ဝင် တိုးမြှင့်ချထားရန် တရားဝင် အတည်ပြုခဲ့သည်။ သုံးသပ်လေ့လာသူအချို့က အဆိုပါ သဘောတူညီချက်သည် ပိုလန်-အမေရိကန် ဆက်ဆံရေး...
နယူးယောက် ၊ ဩဂုတ် ၁၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ဩဂုတ် ၁၆ ရက်ထိ COVID-19 အတည်ပြုလူနာပေါင်း ၅.၄ သန်း နှင့် သေဆုံးသူပေါင်း ၁၇၀, ၀၀၀ ဖြင့် အမြင့်ဆုံး ပမာဏသို့ ရောက်ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန(CSSE) မှ...
မိုဂါဒစ်ရှူး ၊ ဩဂုတ် ၁၇ ရက်(ဆင်ဟွာ) ဆိုမာလီယာ နိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ နာမည်ကြီး ဟိုတယ်တစ်လုံးအား အကြမ်းဖက်သမားများက ကားဗုံးဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်သူ သုံးဦး အပါအဝင် အနည်းဆုံး လူ ပေါင်း ၈ ဦး သေဆုံးပြီး အခြား ၂၈...
ဝါရှင်တန်၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) ပြီးခဲ့သောရက်က ရုရှားနိုင်ငံ သမ္မတ ပူတင်အဆိုပြုခဲ့သည့် အီရန် နျူကလီးယားအရေး ဗွီဒီယို ထိပ်သီးအစည်းအဝေးကို ပါဝင်တက်ရောက်မည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဩဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ ညီငယ်ဆုံး ဖြစ်သူ ရောဘတ်ထရမ့်(Robert Trump) သည် ဩဂုတ် ၁၅ ရက် ညပိုင်းက ကွယ်လွန်သွားကြောင်း နှင့် ကွယ်လွန်ချိန်တွင် အသက် ၇၁ နှစ်အရွယ်ရှိကြောင်း သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့သည်။