မနီလာ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Mindanaoဒေသ Cotabatoမြို့ရှိ shopping mall တစ်ခု၏ဝင်ပေါက်တွင် ဒီဇင်ဘာ ၃၁ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
တိုကျို၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီဘူယာရပ်ကွက်၌ နှစ်သစ်ကူး အစောပိုင်းအချိန်က အမျိုးသားတစ်ဦးသည် အကြမ်းဖက်တိုက်ခိုက်မှုဟုယူဆရသော လမ်းသွားလမ်းလာများအား ကားဖြင့် ဝင်တိုက်ခဲ့မှုတစ်ခုဖြစ်ခဲ့ရာ လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက ဇန်နဝါရီလ ၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ပြုံယမ်း ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန်က နှစ်သစ်ကူးမိန့်ခွန်းစကားပြောကြားရာတွင် ၎င်းအနေဖြင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့်မည်သည့်အချိန်တွင်မဆို ထပ်မံတွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း KCT ရုပ်မြင်သံကြားသတင်းဌာနက ယနေ့ဇန်နဝါရီ ၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) ဆင်ဟွာသတင်းဌာနမှ ဖော်ပြခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကမ္ဘာ့ထိပ်တန်း သတင်း ၁ဝ ပုဒ်ကို အောက်တွင် အစဉ်လိုက် ဖတ်ရှုနိုင်ပါသည်။
နယူးယောက်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်တေးသံရှင် လင်းရှောင်ချောင်(Xiaocao Lin) သည် တရုတ်နိုင်ငံ၏ စွဲမက်စရာကောင်းပြီး တုနှိုင်း မရသော ဂန္တဝင်ဂီတသံစဉ်များ နှင့် ကဗျာကို အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဇန်နဝါရီလ ၅ ရက်တွင် ဖျော်ဖြေတင်ဆက်မည်ဟု သိရသည်။
အန်ကာရာ ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ အန်ကာရာမြို့တွင် နှစ်သစ်ကူးကာလအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသူ နိုင်ငံခြားသား အယောက် ၃၀ ကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃၀ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကင်ရှာဆာ ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) ကွန်ဂို(ကင်ရှာဆာ)နိုင်ငံ အရှေ့ပိုင်း South-Kivuပြည်နယ်ရှိ ရွေးကောက်ပွဲမဲရုံတစ်ခုတွင် ဒီဇင်ဘာ ၃၀ ရက်က အရပ်သားနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်အကြား ပဋိပက္ခဖြစ်ပွားရာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်လွတ်လပ်သောရွေးကောက်ပွဲကော်မရှင် (IEC) သည် နိုင်ငံ၏ လေးကြိမ်မြောက် သမ္မတရွေးကောက်ပွဲအတွက် ကျင်းပမည့် ရက်အသစ်ကို ဇူလိုင် ၂၀ရက် အဖြစ် သတ်မှတ်ခဲ့ကြောင်း IEC တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၃၀ရက်တွင်ပြောကြားခဲ့သည်။
မနီလာ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသော မြေပြိုမှုနှင့် ရေကြီးမှုများကြောင့် သေဆုံးသူဦးရေ သည် ၅၀ဦးအထိ မြင့်တက်လာကြောင်း အစိုးရသဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ဒီဇင်ဘာ ၃၀ရက်တွင်ပြောကြားခဲ့သည်။
တိုကျို၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) နိုင်ငံပေါင်း ၁၁ နိုင်ငံ သဘောတူလက်မှတ်ရေးထိုးထားသည့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက် (CPTPP)သည် ဒီဇင်ဘာ ၃၀ ရက်တွင် တရားဝင် စတင် အသက်ဝင်ပြီဖြစ်ကြောင်း သိရသည်။