Connect with us

International Organizations

ကမ္ဘာပေါ် တွင် ၄၃ ရာခိုင်နှုန်းသော စာသင်ကျောင်းများ ၌ လက်ဆေးကြောသည့် အခြေခံ ပစ္စည်းများ လိုအပ် နေကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

သီရိလင်္ကာ နိုင်ငံ ရှိ ကျောင်းသား များ လက်ဆေးကြောရန် တန်းစီ နေသည် ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ကလေးသူငယ် ရန်ပုံငွေ အဖွဲ့ နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ တို့ မှ သြဂုတ် ၁၃ ရက် ၌ ပူးတွဲ ထုတ်ပြန် ခဲ့သည့် ကြေညာချက် တစ်ခု တွင် ၂၀၁၉ ခုနှစ် ၌ ကမ္ဘာပေါ် တွင် ၄၃ ရာခိုင်နှုန်းသော စာသင်ကျောင်းများ သည် လက်ဆေးကြောသည့် အခြေခံ အထောက်အပံ့ပစ္စည်းများ မရှိကြောင်း နှင့် ကလေးငယ်ပေါင်း ၈၁၈ သန်း က COVID-19 ရောဂါ နှင့် အခြား ကူးစက် ရောဂါ ခံစား ရမည့် အန္တရာယ် အောက် တွင် ရောက်ရှိနေကြောင်း ဖော်ပြထားသည်။

ကြေညာချက် တွင် ၂၀၁၉ ခုနှစ် ၌ ကမ္ဘာပေါ်ရှိ ၄၃ ရာခိုင်နှုန်းသော စာသင်ကျောင်း များ တွင် လက်ဆေးကြောသည့် အခြေခံအထောက်အပံ့ပစ္စည်း လိုအပ်နေကြောင်း ၊ ၂၀ ရာခိုင်နှုန်းသော စာသင်ကျောင်း များ က လက်ဆေးကြောရန် ပစ္စည်းများ အကန့်အသတ် နှင့် ရှိကြကြောင်း ၊ ၂၅ ရာခိုင်နှုန်းသော စာသင်ကျောင်းများ က လက်ဆေးကြောရန် ပစ္စည်းများ လုံးဝမရှိကြောင်း ၊ ရောဂါ ကူးစက်မှု အန္တရာယ်ရှိသော ကလေးငယ်ပေါင်း ၈၁၈ သန်း အနက် သုံးပုံတစ်ပုံ သည် ဆာဟာရ တောင်ပိုင်း ရှိ အာဖရိက ဒေသ က ဖြစ်ပြီး ကလေးငယ်ပေါင်း ၂၉၅ သန်း ခန့် ဖြစ်ကြောင်း ၊ ကမ္ဘာပေါ် တွင် စာသင်ကျောင်း အားလုံး ၏ သုံးပုံတစ်ပုံခန့် သည် ရေသောက်သုံးရန် အထောက်အပံ့ပစ္စည်းများ မရှိဘဲ ၄၀ ရာခိုင်နှုန်းသော စာသင်ကျောင်းများ က သန့်စင်ခန်းစသော ကျန်းမာရေး ဆိုင်ရာ အထောက်အပံ့မရှိကြောင်း သိရှိရသည်။

ထို့ပြင် ထုတ်ပြန်ကြေညာချက်တွင် စာသင်ကျောင်းများ ၏ အထောက်အပံ့ ပစ္စည်း များတွင် ဒေသအခြေအနေ အရ ဆိုးရွားသည့် မမျှတမှုတည်ရှိနေပြီး သြစတြေးလျ နှင့် နယူးဇီလန် စသည့် နိုင်ငံ များ ရှိ စာသင်ကျောင်း များတွင် လက်ဆေးရန် ၊ ရေသောက်သုံးရန် နှင့် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ ပစ္စည်း များ က စာသင်ကျောင်းများအားလုံးတွင် တည်ရှိကာ ဥရောပ နှင့် မြောက်အမေရိက ရှိ စာသင်ကျောင်း များတွင်လည်း အားလုံး တည်ရှိကြောင်း ၊ သို့သော် အခြားဒေသ များရှိ စာသင်ကျောင်း များတွင် လက်ဆေးရန် အထောက်အပံ့ပစ္စည်းများ ရှိသော စာသင်ကျောင်း က ၁၇ ရာခိုင်နှုန်း သာရှိပြီး တစ်ဝက်အောက်သော စာသင်ကျောင်းများ က ရေသောက်သုံးရန် အထောက်အပံ့ပစ္စည်းများ မရှိကြကြောင်း ၊ အလွန်နောက်ကျသည့် နိုင်ငံများတွင် ၇၀ ရာခိုင်နှုန်းသော စာသင်ကျောင်းများ က လက်ဆေးကြောရန် အထောက်အပံ့ပစ္စည်းများ မရှိဘဲ စာသင်ကျောင်း တစ်ဝက်ခန့် က ရေသောက်သုံးရန် နှင့် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများ မရှိကြကြောင်း သိရှိရသည်။  (Xinhua)