Connect with us

International Organizations

ကမ္ဘာပေါ်တွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၇၅၀,၀၀၀ ကျော် အထိ ရှိလာ 

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ စစ်ဆေးရန် တန်းစီ နေသည် ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက် ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

ကမ္ဘာပေါ် တွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၇၅၀,၀၀၀ ကျော် အထိ ရောက်ရှိလာကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ သြဂုတ် ၁၃ ရက် ထုတ်ပြန်ချက် အရ သိရှိရသည်။

ထုတ်ပြန်ကြေညာချက် အရ အမေရိကန် နိုင်ငံ အရှေ့ပိုင်း ဒေသစံတော်ချိန် သြဂုတ် ၁၃ ရက် ၈ နာရီ ၂၇ မိနစ် အချိန် ထိ ကမ္ဘာပေါ် တွင် COVID-19 ရောဂါ ကြောင့် သေဆုံးသူ ၇၅၀,၀၃၀ ဦး အထိ ရောက်ရှိလာခဲ့ပြီး COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၀,၆၅၁,၁၁၃ ဦး အထိ ရောက်ရှိ လာကြောင်း သိရှိရသည်။

ထို့ပြင် ထုတ်ပြန်ကြေညာချက်တွင် ကမ္ဘာပေါ် ၌ COVID-19 ရောဂါ အဆိုးရွားဆုံး ဖြစ်ပွား ခဲ့သည့် နိုင်ငံ မှာ အမေရိကန် နိုင်ငံ ဖြစ်ပြီး ကူးစက်ခံရသူ ၅,၁၉၇,၇၄၉ ဦး အထိ ရှိကာ သေဆုံးသူ ၁၆၆,၀၃၈ ဦး ရှိကြောင်း ၊ COVID-19 ရောဂါ ကြောင့် သေဆုံးမှုများပြားသည့် အခြား နိုင်ငံများ မှာ ဘရာဇီး နိုင်ငံ ၊ မက္ကဆီကို နိုင်ငံ ၊ အိန္ဒိယ နိုင်ငံ နှင့် ဗြိတိန် နိုင်ငံ တို့ ဖြစ်ကြကြောင်း သိရှိရသည်။

ဂျွန်ဟော့ကင်း တက္ကသိုလ် မှ ထုတ်ပြန်ကြေညာ သည့် စာရင်း များသည် ကမ္ဘာ့ နိုင်ငံ အသီးသီး ရှိ စာရင်းများအား စုပေါင်း ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)