Connect with us

International Organizations

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တွင် အမေရိကန် နိုင်ငံ အဆိုပြုသည့် အီရန် နိုင်ငံ အပေါ် အရေးယူပိတ်ဆို့မှု ကာလ တိုးမြှင့်မည့် အဆိုပြုချက် အား အတည်ပြုချက် မရရှိခဲ့

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တွင် အစည်းအဝေး ကျင်းပပြုလုပ်နေသည် ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အဆိုပြုသည့် အီရန် နိုင်ငံ အပေါ် လက်နက် ပစ္စည်းများ ရောင်းချမှု ကို ပိတ်ပင် သည့် အရေးယူပိတ်ဆို့မှု ကာလ တိုးမြှင့်မည့် အဆိုပြုချက် အား သြဂုတ် ၁၄ ရက် ၌ ကုသမဂ္ဂ လုံခြုံရေး ကောင်စီ တွင် မဲခွဲဆုံးဖြတ် ခဲ့ရာ အတည်ပြုချက် မရရှိခဲ့ကြောင်း သိရှိရသည်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားသည့် အခြေအနေ အောက် တွင် မဲခွဲဆုံးဖြတ်မှု ကို အထူးအစီအစဉ် ဖြင့် ဆောင်ရွက် ခဲ့ပြီး လုံခြုံရေး ကောင်စီ တွင် အမေရိကန် နိုင်ငံ ၏ အဆိုပြုချက် နှင့် ပတ်သက်၍ စာရွက်စာတမ်း ဖြင့် မဲပေးစေခဲ့ကြောင်း ၊ မဲပေးမှု အဖြေ အနေဖြင့် ထောက်ခံမဲ ၂ မဲ ၊ ကန့်ကွက်မဲ ၂ မဲ နှင့် ကြားနေမဲ ၁၁ ဖြစ်ကြောင်း ၊ လုံခြုံရေးကောင်စီ ၏ သတ်မှတ်ချက် အရ အဆိုပြုချက် တစ်ခု က အနည်းဆုံး ထောက်ခံမဲ ၉ မဲ ရရှိပြီး မည်သည့် အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ မှ ကန့်ကွက်မဲ မပေး မှသာ အဆိုပြုချက် ကို အတည်ပြု နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

မဲပေးရာ တွင် အမေရိကန် နိုင်ငံ နှင့် ဒိုမီနီကာ နိုင်ငံ တို့က ထောက်ခံမဲ ပေးခဲ့ကြပြီး ရုရှား နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့ က ကန့်ကွက်မဲ ပေးခဲ့ကြကာ အခြား လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၁ နိုင်ငံ က ကြားနေမဲ ပေးခဲ့ကြကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ တွင် အီရန် နိုင်ငံ နှင့် အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် ၊ ဂျာမဏီ နိုင်ငံ တို့ က အီရန် နျူကလီးယား အရေး ဆိုင်ရာ ဘက်စုံ သဘောတူညီချက် ကို ချုပ်ဆို ခဲ့ကြသည်။ သဘောတူညီချက် အရ အီရန် နိုင်ငံ အနေဖြင့် ၎င်း ၏ နျူကလီးယား အစီအစဉ် များ ကို ကန့်သတ်ရန် ကတိ ပြု ခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု အား ဖယ်ရှားပေးခဲ့သည်။ ထို့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ဆုံးဖြတ်ချက် အမှတ် ၂,၂၃၁ ကို အတည်ပြု ခဲ့ပြီး အီရန် နျူကလီးယား အရေး ဆိုင်ရာ ဘက်စုံ သဘောတူညီချက်  တွင် ကုလသမဂ္ဂ မှ အီရန် နိုင်ငံ အပေါ် လက်နက် ပို့ဆောင်မှု ပိတ်ပင်ခြင်း အား ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၈ ရက် အထိ တိုးမြှင့်ကြောင်း ခွင့်ပြုပေး ခဲ့သည်။

၂၀၁၈ ခုနှစ် မေလ တွင် အမေရိကန် နိုင်ငံ က အီရန် နျူကလီးယား အရေး ဆိုင်ရာ ဘက်စုံ သဘောတူညီချက် မှ တစ်ဖက်သက် နှုတ်ထွက်သွား ခဲ့ပြီးနောက် အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများအား တိုးမြှင့်ဆောင်ရွက် ခဲ့သည်။ အမေရိကန် နိုင်ငံ ၏ ယခု အကြိမ် အဆိုပြုချက် က အီရန် နိုင်ငံအပေါ် လက်နက် ပို့ဆောင်ခြင်း အား အကန့်အသတ် မရှိ ပိတ်ပင်သွားရန် ရည်ရွယ်ပြီး လုံခြုံရေး ကောင်စီ မှ အီရန် နိုင်ငံ အပေါ် ပိတ်ပင်မှု အား ပယ်ဖျက်သည့် အချိန်ထိ ပိတ်ပင် သွားရန် ရည်ရွယ်ကြောင်း သိရှိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117