ဦလန်ဘာတာ၊ မတ် ၁၄ ရက်(ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံ ဒေသအများအပြားတွင် မတ် ၁၃ ရက်ကစ၍ ပြင်းထန်သည့် သဲမုန်တိုင်းနှင့် နှင်းမုန်တိုင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ မတ် ၁၅ ရက်အထိ လူ(၆)ဦး သေဆုံးပြီး (၈၀)ကျော် ပျောက်ဆုံးလျက်ရှိကြောင်း မွန်ဂိုလီးယားနိုင်ငံ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဌာနက ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည်။
ကူဝိတ်၊ မတ် ၁၅ ရက် (ဆင်ဟွာ) ကူဝိတ်နိုင်ငံ ပြည်သူ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဌာန (PAAAFR) က ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ကြက်ငှက်တုပ်ကွေးကူးစက်ခံရသည့် ကြက်ခြံနှစ်ခုအားသွားရောက်ခဲ့ပြီး ကူးစက်ခံကြက်များအား စစ်ဆေးခဲ့ကြောင်းသိရသည်။ ကူဝိတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကြက်ငှက်တုပ်ကွေးမှာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ပြည်သူများအနေဖြင့် ထိတ်လန့်စရာမရှိကြောင်း (PAAAFR) က ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က...
ချီကာဂို၊မတ်၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့တောင်ပိုင်းရှိ စီးပွားရေးအဆောက်အအုံတစ်လုံးတွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ပေါ့ပါတီပွဲတစ်ခုကျင်းပပြုလုပ်နေစဉ် ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၅ ဦး ကျည်ထိမှန်ခဲ့ပြီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ပစ်ခတ်မှုသည် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၄၀ မိနစ်တွင်ဖြစ်ပွားခဲ့ပြီး အသက် ၃၁...
ကွာလာလမ်ပူ ၊ မတ် ၁၅ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံ၌ COVID-19 လူနာသစ် ၁,၃၅၄ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတည်ပြုလူနာ စုစုပေါင်း ၃၂၃,၇၆၃ ဦးထိ ရှိလာခဲ့ကြောင်း မတ် ၁၄ ရက်တွင် ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရသည်။
မော်စကို၊မတ် ၁၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံမော်စကိုမြို့တော်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁,၉၀၅ ဦး ရှိခဲ့ရာ ကူးစက်ခံရသူစုစုပေါင်း ၁,၀၀၀,၃၉၄ ဦးထိ ရှိလာကြောင်း ရုရှားနိုင်ငံ COVID-19 ရောဂါတုံ့ပြန်ရေးစင်တာက မတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။