Connect with us

North America

အမေရိကန်နိုင်ငံချီကာဂိုမြို့တွင် ဂိုဏ်းအုပ်စုနှင့်ဆက်စပ်၍ အနည်းဆုံးလူ ၁၅ ဦးသေနတ်ပစ်ခံရ ၊ ၂ ဦးသေဆုံး

၂၀၂၁ ခုနှစ် မတ် ၁၄ ရက်က အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် ပါတီတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ချီကာဂို၊မတ်၁၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့တောင်ပိုင်းရှိ စီးပွားရေးအဆောက်အအုံတစ်လုံးတွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ပေါ့ပါတီပွဲတစ်ခုကျင်းပပြုလုပ်နေစဉ် ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၅ ဦး ကျည်ထိမှန်ခဲ့ပြီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုသည် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၄၀ မိနစ်တွင်ဖြစ်ပွားခဲ့ပြီး အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းတွင် တစ်ချက်အပါအဝင် သုံးချက်တိတိအပစ်ခံထားရသည်ကို အဆောက်အဦအပြင်ဘက်၌ တွေ့ရှိခဲ့ရကြောင်း နှင့် အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ လည်ပင်းနှင့် ခြေထောက်တွင် သေနတ်ဒဏ်ရာများ ရရှိခဲ့ပြီး ၎င်း၏ရုပ်အလောင်းကို အဆောက်အဦအတွင်းရှိ အခန်းတစ်ခု၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း ၊ ယင်းအဆောက်အဦသည် ကားကရိန်းဆွဲဝန်ဆောင်မှု လုပ်ငန်းကုမ္ပဏီရုံးခန်းဖြစ်သော်လည်း pop-up ပါတီပွဲများလက်ခံကျင်းပရာ နေရာတစ်ခုလည်း ဖြစ်ကြောင်း ချီကာဂိုထရိုင်ဗျုသတင်းက မတ် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ် မတ် ၁၄ ရက်က အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် ပါတီတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်စဉ်ကို ရုပ်သံလွှင့်သတင်းဌာနတစ်ခုက ထုတ်လွှင့်ပြသနေစဉ်(ဆင်ဟွာ) 

သေနတ်ပစ်ခံရသော လူများမှာ အသက် ၂၀နှစ် မှ ၄၄ နှစ်အရွယ်ကြား ရှိကြကြောင်း သိရသည်။ ချီကာဂိုရဲတပ်ဖွဲ့က ယင်းပစ်ခတ်မှုမှာ ဂိုဏ်းအုပ်စုဝင်များနှင့်ဆက်နွယ်ပတ်သက်မှုရှိနိုင်ကြောင်း ယူဆထားပြီး လူအရေအတွက်မည်မျှ ပစ်ခတ်မှုကျူးလွန်ခဲ့သည်ကို ရှင်းရှင်းလင်း မသိရသေးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

“ အခင်းဖြစ်နေရာမှာ သေနတ် ၄ လက်ရှာဖွေတွေ့ရှိခဲ့တယ်။ ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကနဦးစုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်နေပါတယ်။ သူတို့ဟာ အခင်းဖြစ် မျက်မြင်သက်သေတွေနဲ့ ဒဏ်ရာရပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေရသူတွေကို စစ်ဆေးမေးမြန်းနေပါတယ် ၊ နောက်ထပ် သက်သေခံပစ္စည်းတွေ ဒါမှမဟုတ် ဖြစ်စဉ်အကြောင်းအရာတွေ ထပ်ရလာဖို့ရှိပါတယ်”ဟု မတ် ၁၄ ရက် နံနက်ပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ချီကာဂိုမြို့တော် ရဲမှူး David Brown က ဆိုသည်။ “ ကျနော်တို့ မတူခြားနားတဲ့ အချက်အလက်တွေကို ဆက်ပြီးလိုက်နေပါတယ်။ အခုချိန်မှာ အတည်ပြုလို့တော့မရသေးပါဘူး” ဟု ၎င်းက ဆိုသည်။

ကနဦးအစီရင်ခံချက်အရ အဆောက်အဦအပြင်ဘက်တွင် သေနတ်တစ်လက် နှင့် အတွင်းဘက်တွင် သေနတ် သုံးလက် တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် အဆောက်အဦထဲတွင် ကျည်ခွံများ နှင့် ကျည်ဆံများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆိုသည်။

ချီကာဂိုခရိုင်မီးသတ်တပ်ဖွဲ့အကြီးအကဲ Juan Hernandez က အပစ်ခံရသူအရေအတွက်မှာ ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ၊ အဘယ်ကြောင့်ဆိုသော အချို့သူများမှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယင်းအဆောက်အဦဧရိယာမှ ထွက်ခွာ၍ မိမိအစီအစဉ်ဖြင့် ဆေးရုံသို့သွားရောက်ခဲ့ကြခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။တနင်္ဂနွေနေ့ နံနက်ပိုင်းအထိ ဖမ်းဆီးခံရမှုများ မရှိသေးကြောင်း ဒေသတွင်း သတင်းစာက ဆိုသည်။ (Xinhua)

————————————
(English Version)

At least 15 shot, 2 dead in “gang-related” shooting in Chicago
Chicago Fire Department District Chief Juan Hernandez expected the total number of people shot could grow.
CHICAGO, March 14 (Xinhua) — At least 15 people were shot, and two of them killed, in a “pop-up party” at a business on the South Side of Chicago on early Sunday morning.
The shooting happened at 4:40 a.m. A 31-year-old woman, who was shot three times including once in the head, was found dead outside the building; and a 39-year-old man, with gunshot wounds to his neck and leg, was later found dead inside a backroom in the business that operates as a tow company but also serves as an event space for pop-up parties, Chicago Tribune reported on Sunday.

The people, who were shot, are aged from 20 to 44.
Chicago police believe the shooting was gang-related. It wasn’t clear how many people opened fire, the police said.
“Four guns were recovered at the scene. Our detectives are continuing to do their preliminary investigation and their interviews but several of the witnesses who were wounded are still in surgery and have yet to be interviewed, so more to come as far as any kind of motive or any additional evidence,” Chicago police Superintendent David Brown said at a press conference Sunday morning. “We are following up on several different leads that we are yet unable to confirm.”

According to the preliminary police report, one of those weapons was found outside the business and three others were found inside. The report said several shell casings and fired bullets were recovered from inside.

Chicago Fire Department District Chief Juan Hernandez expected the total number of people shot could grow, as some people who may have left the business show up at area hospitals on their own later in the day.No arrests had been made Sunday morning, the local newspaper said.

(1) The screengrab taken from the web stream of WGN9, an independent television station licensed to Chicago, shows the police working on the scene, where at least 15 (2)people were shot, with two of them killed, at a party in the Greater Grand Crossing neighborhood of Chicago, Illinois, the United States, on March 14, 2021. (Xinhua)
The screengrab taken from the web stream of WGN9, an independent television station licensed to Chicago, shows the police working on the scene, where at least 15 people were shot, with two of them killed, at a party in the Greater Grand Crossing neighborhood of Chicago, Illinois, the United States, on March 14, 2021. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.