အစ္စလာမ်မာဘတ်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် Balochistan ပြည်နယ်၌ ကျောက်မီးသွေးတွင်းတစ်ခုပေါက်ကွဲမှုဖြစ်ပွား ခဲ့ရာ အနည်းဆုံး မိုင်းလုပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း အရာရှိများက မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဇီဝဆေးဝါးလုပ်ငန်းကုမ္ပဏီ CanSino Biologics မှ COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် လိုအပ်သောပစ္စည်း ဒုတိယအကြိမ်တင်ပို့မှုကို မက္ကဆီကိုနိုင်ငံက မတ် ၁၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard က ပြောခဲ့သည်။
ဝါရှင်တန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသားအားလုံး မေလ ၁ ရက်မှစတင်၍ COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပြည်နယ်များသို့ ညွှန်ကြားချက်အား အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က မတ် ၁၁ ရက်တွင်ကြေညာမည်ဖြစ်ကြောင်း သိရသည်။
ဆောပိုလို ၊ မတ် ၁၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် တစ်နေ့အတွင်း COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသည့် လူနာပေါင်း ၂ ထောင်ကျော် အထိ နှစ်ရက်ဆက်တိုက် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၁၁ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် ဘရာဇီးနိုင်ငံ၌ COVID-19...
လစ္စဘွန်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံတွင် COVID-19 ကပ်ရောဂါထိန်းချုပ်ရန် နှစ်လကျော်ကြာ အသွားအလာကန့်သတ်မှုများ (Lockdown) ဆောင်ရွက်ခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားပြီး ချင့်ချင့်ချိန်ချိန်၊ သတိကြီးစွာဖြင့် ဖြည်းဖြည်းချင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် Antonio Costa က မတ် ၁၁ ရက်၌...