ဂျကာတာ၊ မတ် ၉ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ခန်းဖွင့်ကျယ်ဆုံး ရထားလမ်းအပိုင်း DK20+156 ယက်မချိတ်ဆက်မှုသည် မတ် ၈ ရက်တွင် အောင်မြင်စွာ ပြီးစီးခဲ့ပြီဖြစ်သည်။ ၎င်းမှာ ဂျကာတာ-ဘန်ဒေါင်း၏ အဓိကဆောက်လုပ်ရေးလုပ်ငန်းအစိတ်အပိုင်းတစ်ခု၏ ကြီးမားသည့် တိုးတက်မှုတစ်ခုပင် ဖြစ်သည်။
ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရသည် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု (RCEP) သဘောတူညီချက်ကို တရားဝင် အတည်ပြုလက်မှတ်ရေးထိုးလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao က မတ် ၈ ရက်၌ ပြောကြားခဲ့သည်။
ယာအွန်ဒီ၊မတ် ၉ရက်(ဆင်ဟွာ) အီကွေတာဂီနီနိုင်ငံမြို့တော် ဘတ်တာမြို့(Bata)၌ ပေါက်ကွဲမှုများဖြစ်ပွားရာ လူပေါင်း ၉၈ ဦး သေဆုံးပြီး အခြား ၆၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒုတိယသမ္မတ Teodoro Nguema Obiang Mangue ၏ ပြောကြားချက်ကို ကိုးကား၍ ကျန်းမာရေးဝန်ကြီးဌာန တွစ်တာလူမှုကွန်ရက်တွင် မတ် ၈ ရက်က...
ဆန်တီယေဂို၊မတ် ၉ ရက်(ဆင်ဟွာ) ချီလီနိုင်ငံအစိုးရသည် တရုတ်နိုင်ငံဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Sinovac မှ တီထွင် ထုတ်လုပ်သည့် CoronaVac ကာကွယ်ဆေး ပဉ္စမအသုတ်ကို မတ် ၈ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
ချန်းချွမ်၊ မတ် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အထင်ကရ ရထားထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် CRRC Changchun Railway Vehicles Co., Ltd က မြန်နှုန်းမြင့်ရထားများ ခေါင်းချင်းဆိုင်တိုက်မိရာတွင် ထိခိုက်ပျက်စီးမှုမရှိစေမည့် နည်းပညာကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်းသိရသည်။ စမ်းသပ်မှုတွင် အလေးချိန် ၄၆၂ တန် အသီးသီးရှိ...