Connect with us

Economy

တရုတ်နိုင်ငံက RCEP သဘောတူညီချက်တွင် တရားဝင်အတည်ပြုလက်မှတ်ရေးထိုးလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးပြော

စင်ကာပူနိုင်ငံ Pasir Panjang ကွန်တိန်နာဆိပ်ကမ်းတွင် ကွန်တိန်နာများကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရသည် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု (RCEP) သဘောတူညီချက်ကို တရားဝင် အတည်ပြုလက်မှတ်ရေးထိုးလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao က မတ် ၈ ရက်၌ ပြောကြားခဲ့သည်။

အဖွဲ့ဝင်နိုင်ငံအချို့ကလည်း ၎င်းတို့၏ လုပ်ငန်းစဉ်များကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်စပ်သောနိုင်ငံများအနေဖြင့်လည်း ၎င်းတို့၏လုပ်ဆောင်မှုကို အရှိန်မြှင့်တင်နိုင်ကြောင်းနှင့် နောက်ဆုံးတွင် သတ်မှတ်ချက်သို့ ရောက်ရှိလာနိုင်မည်ဟု မျှော်လင့်ကြောင်း အမျိုးသားဥပဒေပြု နှစ်ပတ်လည်အစည်းအဝေးနှင့် တွဲလျက်ပြုလုပ်သော အစည်းအဝေး၌ ဝမ်က သတင်းထောက်များကို ပြောခဲ့သည်။

အတည်ပြုလက်မှတ်ထိုးထားသော အာဆီယံအဖွဲ့ဝင် ခြောက်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်မဟုတ်သော နိုင်ငံသုံးနိုင်ငံတို့သည် သဘောတူညီချက် ရောက်ရှိရန် လိုအပ်ကြောင်း နှင့် သဘောတူညီချက် အကောင်အထည်ပေါ်လေ အဖွဲ့ဝင်နိုင်ငံများရှိ ပြည်သူများအနေဖြင့် အကျိုးကျေးဇူးရှိလာလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးသဘောတူညီချက်ဖြစ်သော RCEP အား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလလယ်ပိုင်းက အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရိးယား၊ ဩစတြေးလျနှင့် နယူးဇီလန် စသည့်နိုင်ငံများက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)

China has officially ratified RCEP deal: commerce minister

BEIJING, March 8 (Xinhua) — The Chinese government has officially ratified the Regional Comprehensive Economic Partnership (RCEP) agreement, Minister of Commerce Wang Wentao said Monday.

Some member countries are also accelerating their procedures, and it is hoped that relevant countries can speed up their progress and finally reach the threshold of entry into force, Wang told reporters on the sidelines of the annual national legislative session.

Ratifications of six ASEAN member countries and three non-ASEAN member countries are needed for reaching the threshold, and the sooner the agreement enters into force, the sooner the people of the member countries will be benefited, he said.

The RCEP, the world’s largest free trade agreement, was signed in mid-November 2020 by 10 ASEAN member countries and China, Japan, the Republic Of Korea, Australia and New Zealand. ■
Containers are seen at the Pasir Panjang container terminal in Singapore on Aug. 17, 2020. (Photo by Then Chih Wey/Xinhua)