လန်ဒန်၊ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဗြိတိန်နိုင်ငံဘုရင်မကြီး အယ်လီစဘတ်-၂ နှင့် ကြင်ယာတော် အီဒင်ဘတ်မြို့စား မင်းသားကြီးဖီးလစ်တို့သည် COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ပြီးဖြစ်ကြောင်း ဘက်ကင်ဟမ်နန်းတော်က ထုတ်ဖော်ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်သော မြန်မာနိုင်ငံ မန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ဆိုင်ရာ နားလည်မှုစာချွန်လွှာအား ယနေ့ ဇန်နဝါရီ ၁၀ ရက်တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် တရုတ်နိုင်ငံမှ အကူအညီပေးအပ်သည့် မြန်မာနိုင်ငံကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန(CDC) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း အကောင်အထည် ဖော်ဆောင်ရေးစီမံကိန်းများ စတင်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ယနေ့ COVID-19 အတည်ပြုလူနာသစ် ၅၅၅ ဦးတွေ့ရှိပြီး သေဆုံးသူ ၂၀ဦးရှိကာ ၊ ယနေ့ ပိုးတွေ့သည့် ရာခိုင်နှုန်းမှာ ၃ ဒသမ ၂ရာခိုင်နှုန်းရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇန်နဝါရီ ၁၁ ရက်မှ ၁၆ ရက်အထိ မြန်မာ၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ တရားဝင်အလည်အပတ်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ယနေ့(ဇန်နဝါရီ ၁၀ ရက်)တွင် ပြောကြားခဲ့သည်။