Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အာရှ (၄) နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်မည်

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇန်နဝါရီ ၁၁ ရက်မှ ၁၆ ရက်အထိ မြန်မာ၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ တရားဝင်အလည်အပတ်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ယနေ့(ဇန်နဝါရီ ၁၀ ရက်)တွင် ပြောကြားခဲ့သည်။

ဝမ်ရိသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Retno Lestari Priansari Marsudi ၊ ဘရူနိုင်းနိုင်ငံ ဒုတိယ နိုင်ငံခြားရေးရာဝန်ကြီး Dato Seri Paduka Haji Erywan bin Pehin Datu Pekerma Jaya Haji Mohd Yusofနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsinတို့၏ ဖိတ်ကြားချက်များအရ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ဟွာချွမ်းရင်က ဆိုသည်။ (Xinhua)

—————————————
(English Version)

Chinese FM to visit four Asian countries

BEIJING, Jan. 10 (Xinhua) — Chinese State Councilor and Foreign Minister Wang Yi will pay official visits to Myanmar, Indonesia, Brunei and the Philippines from Jan. 11 to 16, Foreign Ministry spokesperson Hua Chunying announced Sunday.
Wang will pay his visits at the invitation of Myanmar’s State Counsellor and Foreign Minister Aung San Suu Kyi, Indonesian Foreign Minister Retno Lestari Priansari Marsudi, Brunei’s Second Minister of Foreign Affairs Dato Seri Paduka Haji Erywan bin Pehin Datu Pekerma Jaya Haji Mohd Yusof and Philippine Foreign Secretary Teodoro Locsin, Hua said. Enditem