တရုတ်နိုင်ငံသည် Long March-2D ဒုံးပျံဖြင့် ဂြိုဟ်တုတစ်စင်းအား အာကာသအတွင်းသို့ လွှတ်တင်ခဲ့သည်။ ၎င်းဂြိုဟ်တုကို မြေယာ အရင်းအမြစ်များစီမံခန့်ခွဲခြင်း၊ စိုက်ပျိုးရေးအရင်းအမြစ်များ စစ်တမ်းကောက်ယူခြင်း၊ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ခြင်းနှင့် မြို့ပြအသုံးချမှုနယ်ပယ်များတွင် အဝေးထိန်း အာရုံခံစနစ်ဝန်ဆောင်မှုများဖြင့် ပံ့ပိုးပေးနိုင်ရန် အဓိကအသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ (Xinhua) xhtxs.cn/yZD ————————— A Long March-2D...
ရန်ကုန်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ) “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (offline) တင်ဆက်ပြသမှုအစီအစဉ်၏ တတိယမြောက်ပွဲစဉ်ကို ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာတွင် ဩဂုတ်လ ၂၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
လဲ့ဆန်း၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ) ယန်ဇီမြစ်၏ မြစ်လက်တက် သုံးခုတွင် စိုးရိမ်ဖွယ် မိုးခေါင်ရေရှားမှုကြောင့် ရေလယ်ဗယ်လျော့ကျမှုကြုံတွေ့နေပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၊ လဲ့ဆန်းမြို့ အပြင်ဘက်တွင် တည်ရှိသော ယူနက်စကို (UNESCO) ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သည့် လဲ့ဆန်း ဗုဒ္ဓရုပ်ပွားတော်ကြီး၏ အောက်ခြေပိုင်း ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ...
ဂျေရုဆလင်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ယဉ်ကျေးမှုအမွေအနှစ်ဌာန၏ သြဂုတ် ၂၃ ရက် ထုတ်ပြန်ချက်အရ ရှေးဟောင်းသုတေပညာရှင်များက အစ္စရေးနိုင်ငံ တောင်ပိုင်းရှိ Negev သဲကန္တာရဒေသတွင် ခမ်းနားသော ရှေးဟောင်း နေအိမ်တစ်ခု၏ အပျက်အစီးများကို ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် ယင်းအဆောက်အအုံသည် နှစ်ပေါင်း ၁,၂၀၀ သက်တမ်းရှိပြီဖြစ်ကြောင်း သိရသည်။...
ဆစ်ဒနီ၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံရှိ ပြည်နယ်တစ်ခု၏ အရေးပေါ်ဌာန လက်နက်တိုက်အတွက် မောင်းသူမဲ့ယာဉ် (Drone) အုပ်စုတစ်စုကို အင်အားဖြည့်တင်းသွားမည်ဖြစ်ကြောင်း၊ နယူးဆောက်ဝေးပြည်နယ်၏ မီးသတ်နှင့် ကယ်ဆယ်ရေးဌာန (FRNSW) သည် အနာဂတ် မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများနှင့် အခြားအရေးပေါ်အခြေအနေများအတွက် “ကောင်းကင်ထက်မှ မျက်လုံးများ” အဖြစ် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။...