လက်ဘနွန်နိုင်ငံသား ကားပြိုင်ပွဲချန်ပီယံဟောင်းတစ်ဦးဖြစ်သော Nabil Karam သည် ကမ္ဘာတစ်ဝန်းမှ ကားပုံစံငယ် အရေအတွက် ၅၀,၀၀၀ ခန့် စုဆောင်းနိုင်ရန် အချိန်ကာလ နှစ် ၃၀ ကြာမြင့်ခဲ့သည်။ အဆိုပါ ကားပုံစံငယ်လေးများကို ၎င်း၏ပြတိုက်တွင် ခင်းကျင်းပြသထားပြီး ဂင်းနစ်စံချိန်၌ သုံးကြိမ်တိုင် စာရင်းဝင်ခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/zIm …………………………………………...
ဝါရှင်တန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဝစ်ကွန်စင်ပြည်နယ်တွင် ကျင်းပနေသည့် Great Lakes Dragway ကားပြိုင်ပွဲ တစ်ခု၌ အမျိုးသား သုံးဦး သေနတ်ပစ်ခံရကာ သေဆုံးခဲ့ကြောင်း၊ သေနတ်ပစ်ခတ်သူအား မသိရသေးကြောင်းနှင့် မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ကို မသိရသေးကြောင်း ဒေသခံ မီဒီယာက ဖော်ပြထားသည်။