Media2 years ago
တရုတ်-ဆော်လမွန်ကျွန်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုက ပွင့်လင်း၍ တရားမျှတမှုရှိကြောင်း ပြောရေးဆိုခွင့်ရှိသူဆို
ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ) တရုတ်-ဆော်လမွန်ကျွန်း နှစ်နိုင်ငံလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုသည် ပွင့်လင်း၍ တရားမျှတမှုရှိသည့်အပြင် ပြစ်တင်ကဲ့ရဲ့စရာအကြောင်းမရှိကြောင်း၊ ၎င်းမှာ တရားဝင်ဖြစ်ပြီး ဥပဒေနှင့်ညီကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မေ ၁၂ ရက်တွင်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လီကျန်းက “တရုတ်နိုင်ငံနဲ့ ဆော်လမွန်ကျွန်းနိုင်ငံ ရဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဟာ အပြန်အလှန်လေးစားခြင်းနဲ့...