ဟိုနိုလူလူ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရေတပ် လေ့ကျင့်ရေး သင်္ဘော ကျန့်ဟဲ (Zhenghe) အမေရိကန် နိုင်ငံသို့ လေးရက်တာ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် အောက်တိုဘာလ ၁၂ ရက်တွင် ဟာဝိုင်ယီကျွန်းရှိ ပုလဲ ဆိပ်ကမ်းသို့ ရောက်ရှိ လာသည်။
ပေကျင်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ယုံရွှမ်း အမည်ရှိ တရုတ်နိုင်ငံမှ သင်္ဘောသည် ဥရောပမှ တရုတ်နိုင်ငံ မြောက်ပိုင်း အထိ အာတိတ် သမုဒ္ဒရာ၏ အရှေ့မြောက် လမ်းကြောင်းအတိုင်း ဖြတ်သန်းခဲ့ပြီး စံချိန်တင် ခရီးစဉ် သွားရောက် ခဲ့ကြောင်း သိရှိရသည်။