Connect with us

North America

အမေရိကန် ရေတပ် ဒုံးကျည်ဖျက်သင်္ဘော မှ ပျောက်ဆုံးနေသော ရေတပ်တပ်ဖွဲ့ဝင် ၁၀ ဦး ၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိ

ရေကြောင်း မတော်တဆမှု ဖြစ်ပွား ခဲ့ပြီးနောက် ပျက်ဆီးသွားသည့် USS John S. McCain စစ်သင်္ဘော အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ရေနံတင်သင်္ဘော နှင့် တိုက်မှု ဖြစ်ပွား ခဲ့သည့် အမေရိကန် နိုင်ငံ ရေတပ် အမှတ်(၇) ရေယာဉ်စု USS John S. McCain ဒုံးကျည်ဖျက်သင်္ဘော မှ ပျောက်ဆုံးနေသော ရေတပ်တပ်ဖွဲ့ဝင် ၁၀ ဦး ၏ ရုပ်အလောင်း ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သြဂုတ်လ ၂၈ ရက်နေ့၌ အမေရိကန် နိုင်ငံ ရေတပ် က ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ချက်တွင် တပ်ဖွဲ့ဝင်အားလုံး၏ ရုပ်အလောင်းများကို USS John S. McCain ဒုံးကျည်ဖျက်သင်္ဘော ကိုယ်ထည် အတွင်းရှာဖွေ တွေ့ရှိခဲ့ကြောင်း ၊ အမေရိကန် စစ်ဘက်ဆိုင်ရာ အနေဖြင့် ယခုဖြစ်ပွား ခဲ့သည့် သင်္ဘောတိုက်မှု နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များဆောင်ရွက်နေကြောင်း ပါဝင်ခဲ့သည်။

သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းအချိန်တွင် USS John S. McCain ဒုံးကျည်ဖျက်သင်္ဘော သည် စင်ကာပူ နိုင်ငံ အရှေ့ဘက် ပင်လယ်ပြင်တွင် လိုင်ဘေးရီးယား နိုင်ငံ အလံ တင်ထားသည့် ရေနံတင်သင်္ဘော တစ်စင်း နှင့် တိုက်မှု ဖြစ်ပွား ခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက်တွင် အမေရိကန် နိုင်ငံ စစ်သင်္ဘော မှ တပ်ဖွဲ့ဝင် ၁၀ ဦး ပျောက်ဆုံးသွားခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကာ စစ်သင်္ဘော၏ ဘယ်ဘက်ခြမ်း ကိုယ်ထည် မှာ ဆိုးရွားစွာ ပျက်ဆီး သွားခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် စင်ကာပူ ၊ မလေးရှား ၊ အင်ဒိုနီးရှား နှင့် သြစတြေးလျ နိုင်ငံ တို့မှ အမေရိကန် ရေတပ် နှင့် အတူ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ပါဝင်ဆောင်ရွက်ခဲ့ပြီး သြဂုတ်လ ၂၄ ရက်နေ့၌ အမေရိကန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က ပင်လယ်ပြင်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကို ရပ်ဆိုင်းကာ သင်္ဘော၏ ကိုယ်ထည် အတွင်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။

ယခုဖြစ်ပွားခဲ့သည့် မတော်တဆမှု သည် အမေရိကန် နိုင်ငံ အမှတ်(၇) ရေယာဉ်စု ၏ လတ်တလော ကာလ အတွင်း ဒုတိယ အကြိမ်ဖြစ်ပွားခဲ့သည့် ရေကြောင်း မတော်တဆမှု ဖြစ်ပြီး အမေရိကန် နိုင်ငံ ရေတပ် ၏ ယခု နှစ်အတွင်း ပစိဖိတ် ပင်လယ်ပြင် တွင် စတုတ္ထအကြိမ် ဖြစ်ပွား ခဲ့သည့် ရေကြောင်း မတော်တဆမှု ဖြစ်သည်။အခင်းဖြစ်ပွား ပြီးနောက်တွင် အမေရိကန် နိုင်ငံ ရေတပ် က ကမ္ဘာအနှံ့ရှိ ရေယာဉ်စုများအား လှုပ်ရှားမှု များ ရပ်နားရန် အမိန့်ထုတ်ပြန်ခဲ့ပြီး အမှတ်(၇) ရေယာဉ်စု၏ လုပ်ငန်းဆောင်ရွက်မှု နှင့်ပတ်သက်၍ ဘက်စုံ စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.