Connect with us

Africa & Middle East

ပါရှန်ပင်လယ်ကွေ့တွင် ဆော်ဒီသင်္ဘောတစ်စီးအား အီရန် ထိန်းသိမ်းကာ သင်္ဘောသားများကို ဖမ်းဆီး

အီရန်နိုင်ငံ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)၏ သင်္ဘောတစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ ၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ပါရှန်ပင်လယ်ကွေ့ ရှိ အီရန်နိုင်ငံ၏ ရေပိုင်နက်အတွင်း ဆော်ဒီ သင်္ဘောတစ်စီးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အရာရှိတစ်ဦးက ဇူလိုင် ၂၂ ရက်တွင်ပြောကြားခဲ့သည်ကို Press TV ကဖော်ပြခဲ့သည်။

သင်္ဘောပေါ်တွင်လိုက်ပါလာသည့် အိန္ဒိယနိုင်ငံသား ၅ဦးကို ဖမ်းဆီးခဲ့ပြီး ပြည်နယ်ဆိုင်ရာ တရားရေးရာ အရာရှိများထံ လွှဲအပ်ခဲ့ကြောင်း အီရန်နိုင်ငံ Bushehr ပြည်နယ် ငါးဖမ်းလုပ်ငန်းအဖွဲ့အစည်း မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Ardeshir Yarahmadi ကပြောကြားခဲ့သည်။ဖမ်းဆီးမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခြင်းမရှိသေးကြောင်း နှင့် သင်္ဘောအမျိုးအစားကိုလည်း ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။အီရန်နိုင်ငံ၏ ရေပိုင်နက်ကို ကျူးကျော်ဝင်ရောက်လာမှုဖြင့် ဇူလိုင်လအတွင်း ဒုတိယအကြိမ်မြောက် ဖမ်းဆီးခဲ့သည့် ဆော်ဒီသင်္ဘောဖြစ်ကြောင်း သိရသည်။ဇူလိုင် ၇ ရက်တွင် IRGC သည် ဆော်ဒီဆိပ်ကမ်း Dareen မှ ထွက်ခွာလာသည့် ဆော်ဒီသင်္ဘောတစ်စီးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117