Eastern Europe3 years ago
အရပ်သားများ အစုပြုံလိုက် သတ်ဖြတ်ခံထားရသော ဘူချာမြို့သို့ ယူကရိန်းသမ္မတသွားရောက် စစ်ဆေး
ကိဗ် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ရုရှားတပ်ဖွဲ့ဝင်များပြန်လည်ရုပ်သိမ်းသွားပြီးနောက် ရာပေါင်းများစွာသော အရပ်သားပြည်သူများ စုပြုံသတ်ဖြတ်ခြင်းခံထားရသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း စွပ်စွဲထားသည့် ကိဗ်မြို့တော်အပြင်ဘက် ဘူချာမြို့ငယ်(Bucha) သို့ ယူကရိန်းနိုင်ငံသမ္မတဇယ်လန်းစကီးသည် ဧပြီ ၄ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း Ukrinform သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။