ဟူစတန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) အစ္စရေး၏ တိုက်ခိုက်မှုက အီရန်နှင့် နျူကလီးယား သဘောတူညီမှုရယူနိုင်ရန် အမေရိကန်အစိုးရအား အထောက်အကူဖြစ်စေနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၁၃ ရက်၌ ပြောကြားခဲ့သည်။ အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုက ဆွေးနွေးညှိနှိုင်းမှုများကို ထိခိုက်ပျက်ပြားစေခြင်းရှိမရှိ အမေရိကန်သတင်းဌာန Axios က မေးမြန်းရာ၌...
ကုလသမဂ္ဂ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) အီရန်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား အစ္စရေး ကျူးကျော်ထိပါးသည့် လှုပ်ရှားမှုအပေါ် တရုတ်နိုင်ငံအနေဖြင့် ပြစ်တင်ရှုတ်ချကြောင်း၊ စစ်ရေးအန္တရာယ်ရှိသည့် လှုပ်ရှားမှုမှန်သမျှကို အစ္စရေးဘက်က ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဇွန် ၁၃ ရက်...
တီဟီရန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) နှစ်နိုင်ငံကြား ယခင်ချုပ်ဆိုထားသည့် သဘောတူစာချုပ်အရ ရုရှားနိုင်ငံက အီရန်နိုင်ငံတွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ ၈ ရုံ တည်ဆောက်မည်ဟု အီရန်အဏုမြူစွမ်းအင်ဆိုင်ရာ အကြီးအကဲဖြစ်သူက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။ ဇွန် ၉ ရက်က မြို့တော်တီဟီရန်ရှိ...
တီဟီရန်၊ ဇွန် ၅ ရက် (ဆင်ဟွာ) ယူရေနီယမ်သန့်စင်မှုကို အလုံးစုံ တားမြစ်ပိတ်ပင်မည့် အမေရိကန်၏ နျူကလီးယား သဘောတူညီမှုဆိုင်ရာ အဆိုပြုချက်အား အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီက ဇွန် ၄ ရက်၌ ပယ်ချလိုက်ပြီး ယူရေနီယမ်သန့်စင်မှုမှာ အီရန်၏ နျူကလီးယား အစီအစဉ်အတွက် အဓိကကျသော လုပ်ငန်းစဉ်ဖြစ်သည်ဟု အလေးအနက်ပြောကြားခဲ့သည်။ အီရန်...
ရောမ၊ မေ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နှင့် အီရန်သည် မေ ၂၃ ရက်က အီတလီနိုင်ငံ မြို့တော် ရောမတွင် ၅ ကြိမ်မြောက် ကြားခံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ဆွေးနွေးမှုသည် တိုးတက်မှုအချို့ရရှိခဲ့သော်လည်း အဆုံးအဖြတ်ပေးသည့် ရလဒ် မရရှိသေးကြောင်း ဆွေးနွေးပွဲကို ကြီးမှူးသည့် အိုမန်ဘက်က ဆိုသည်။...
တီဟီရန်၊ မေ ၂၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ၏ ယူရေနီယမ် သန့်စင်မှုနှင့် ပတ်သက်၍ ညှိနှိုင်းမည်မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဘဂါအီက မေ ၁၉ ရက်၌ ပြောကြားခဲ့သည်။
တီဟီရန်၊ မေ ၁၂ ရက် (ဆင်ဟွာ) ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရေးအတွက် အိုမန်နိုင်ငံ၌ အမေရိကန်နှင့် သွယ်ဝိုက်ဆွေးနွေးမှုများမှာ “များစွာပိုမိုလေးနက်၍ ပွင့်ပွင့်လင်းလင်း” ရှိလာပြီဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီက မေ ၁၁ ရက်၌ ပြောကြားခဲ့ကာ အီရန်နိုင်ငံ သမ္မတ မာဆု...
တီဟီရန်၊ မေ ၅ ရက် (ဆင်ဟွာ) အကွာအဝေး ၁,၂၀၀ ကီလိုမီတာအထိ ပစ်လွှတ်နိုင်သော အစိုင်အခဲလောင်စာသုံး ပဲ့ထိန်းဒုံးကျည် အသစ်တစ်မျိုးကို အီရန်ကာကွယ်ရေးဝန်ကြီးဌာနက မေ ၄ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ “Qassem Basir” အမည်ရှိ ဤပဲ့ထိန်းဒုံးကျည်သည် “ယခင်က ပဲ့ထိန်းဒုံးကျည်များထက် ပြောင်းလွယ်ပြင်လွယ် ရှိ”...
ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အီရန်နိုင်ငံတွင် ပြင်းထန်သောပေါက်ကွဲမှု ဖြစ်ပွားခြင်းနှင့်စပ်လျဉ်း၍ ဧပြီ ၂၉ ရက်တွင် အီရန်နိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်အား နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ ရှီကျင့်ဖိန်က အဆွေတော် အီရန်နိုင်ငံ တောင်ပိုင်း Bandar Abbas...
တီဟီရန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အီရန်နှင့် အမေရိကန်၏ ဆွေးနွေးမှုတွင် “အနီရောင်စည်းမျဉ်း” ရှိကြောင်း၊ အီရန်နယ်မြေအတွင်း ယူရေနီယံသန့်စင်မှုကို ဆက်လက်လုပ်ဆောင်ခြင်း၊ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများကို ထိရောက်စွာ ဖျက်သိမ်းပေးခြင်း အပါအဝင် အီရန်၏ အချက်အချာကျသည့် တောင်းဆိုချက်များကို အမေရိကန်ဘက်က လေးစားရမည် ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...