တီဟီရန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အစ္စဖာဟန်မြို့လယ်အနီးတွင် “ပျံသန်းနေသော အရာများစွာ” ကို အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်များက ပစ်ချနိုင်ခဲ့ကြောင်း Fars သတင်းအေဂျင်စီအရ သိရသည်။ အစ္စဖာဟန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် လေတပ်အခြေစိုက်စခန်းအနီး Qahjavarestan မြို့တွင် ပေါက်ကွဲသံများကြားရပြီးနောက် နာရီအနည်းငယ်အကြာ အဆိုပါ သတင်းထွက်ပေါ်လာရခြင်းဖြစ်သည်။ (Xinhua) ……………………....
တီဟီရန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အလယ်ပိုင်း Isfahan ပြည်နယ် အရှေ့မြောက်ပိုင်းတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း Fars news agency ၏ ဧပြီ ၁၉ ရက် သတင်းများအရ သိရသည်။ အီရန် နေရာအနှံ့အပြားတွင် လေကြောင်းရန် ကာကွယ်ရေးစနစ်များ စတင်ပြီဖြစ်ကြောင်း...
တီဟီရန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) အီရန်နိုင်ငံသည် လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းလိုက်ပြီဖြစ်သလို မြို့များစွာတွင်လည်း လေကြောင်းရန်ကာကွယ်ရေးစနစ်များ အသက်သွင်းလိုက်ပြီဖြစ်ကြောင်း အီရန် တရားဝင်သတင်းအေဂျင်စီ IRNA ၏ သတင်းအားကိုးကား၍ မီဒီယာများစွာက ဧပြီ ၁၉ ရက်၌ သတင်းဖော်ပြခဲ့သည်။ (Xinhua) ……………………………………………… Iran suspends flights,...
ကိုင်ရို၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) အစ္စရေး ပစ်မှတ်များကို ဒုံးကျည်နှင့်ဒရုန်း ဒါဇင်နှင့်ချီ ပစ်လွှတ်ခဲ့သည်ဟု အီရန်နိုင်ငံ၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ဧပြီ ၁၄ ရက်တွင် ကြေညာခဲ့သည်။ အီရန်သည် ရေနံအဓိက ထုတ်လုပ်သည့် နိုင်ငံ ဖြစ်ပြီး ရေနံသယ်ယူပို့ဆောင်သော အဓိက လမ်းကြောင်းဖြစ်သည့်...
တီဟီရန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) အီရန် အကျိုးစီးပွားကို ထိခိုက်စေမည့် တစ်ဆင့်တိုး လုပ်ဆောင်မှုမှန်သမျှသည် ပိုမို ကြီးမားပြင်းထန်သည့် တုံ့ပြန်မှုကို ခံရမည် ဖြစ်သည်ဟု အီရန် သမ္မတ Ebrahim Raisi က ရုရှားသမ္မတ ပူတင်နှင့် ဧပြီ ၁၆ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်စဉ်...
ပေကျင်း၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian တို့သည် အစ္စရေးနှင့် အီရန်ကြား တင်းမာမှုများနှင့် ပတ်သက်၍ ဧပြီ ၁၅ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua) …………………………… (English Version) Chinese,...
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် ဧပြီ ၁၆ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။ ၁။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကျင်ဟုန်မြို့ရှိ ရှစ်ဆောင်ပဏ္ဏားတံတားပေါ်တွင် တိုင်လူမျိုးများ၏ နှစ်သစ်ပြက္ခဒိန်ကူးပြောင်းမှု အထိမ်းအမှတ် ခုံမင်မီးပုံးများလွှတ်ကာ ပြည်သူများဆင်နွှဲ ၂။...
ဂျေရုဆလမ်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) အီရန်နိုင်ငံက အစ္စရေးနိုင်ငံအား ဧပြီ ၁၃ ရက် ညနှောင်းပိုင်း၌ ဒုံးကျည်နှင့် ဒရုန်း အစင်းရေ ၃၀၀ ကျော်ဖြင့် ပထမဆုံးတိုက်ရိုက်တိုက်ခိုက်ခဲ့ရာ အစ္စရေးစစ်တပ်က ၉၉ ရာခိုင်နှုန်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ဧပြီ ၁၄ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)...
ကုလသမဂ္ဂ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) အစ္စရေးကို အီရန် တိုက်ခိုက်မှုနှင့်စပ်လျဉ်းသည့် အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဧပြီ ၁၄ ရက်တွင် ကျင်းပခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ သိုက်ပင်းက တင်းမာမှုများ တစ်ဆင့်တိုး ပြင်းထန်လာခြင်းကို ရှောင်ရှားရေး သက်ဆိုင်ရာဘက်ပေါင်းစုံက ထိန်းထိန်းသိမ်းသိမ်းရှိကြရန် တိုက်တွန်းပြောကြားခဲ့သည်။...
ဂျေရုဆလမ်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ က အစ္စရေးပစ်မှတ်များသို့ ဒေသစံတော်ချိန် ဧပြီ ၁၄ ရက် နံနက်အစောပိုင်းတွင် ဒုံးကျည်နှင့် မောင်းသူမဲ့လေယာဉ် အများအပြား ပစ်လွှတ်ခဲ့ကြောင်း ကြေညာခဲ့သည်။ အစ္စရေးမီဒီယာနှင့် ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ ဗုံးပေါက်ကွဲသံများနှင့်အတူ မြို့အများအပြားတွင် လေကြောင်းရန်ကာကွယ်ရေးသတိပေးချက် ဥသြသံများ...