ရီရိုဒီဂျနေရို ၊ မေ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ ၎င်း၏ချစ်ကြည်ရေးမြို့ဖြစ်သည့် ဘရာဇီးနိုင်ငံ ရစီးဖီမြို့(Recife)သို့ ကပ်ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများကို ယခုရက်ပိုင်းတွင်း ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဆူဗာ၊မေ ၅ ရက်(ဆင်ဟွာ) တောင်ပစိဖိတ်ကျွန်းနိုင်ငံတစ်ခုဖြစ်သော ဖီဂျီနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် လိုအပ်သော ဆေးဘက်ဆိုင်ရာ အထောက်အပံ့များကို တရုတ်နိုင်ငံက မေ ၄ ရက်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝူဟန့် ၊ မေ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်တွင် မေ ၃ ရက်က ကိုရိုနာဗိုင်းရပ်စ်(COVID-19) အတည်ပြုလူနာသစ် မတွေ့ရှိကြောင်း ပြည်နယ်ကျန်းမာရေးကော်မရှင်က ယနေ့မေ ၄ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ မေ ၃ ရက်(ဆင်ဟွာ) COVID-19 သည် လူသားတို့ ဖန်တီးထားသောရောဂါဖြစ်ပြီး ဓာတ်ခွဲခန်းတစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်နိုင်သည်ဟူသော အချို့အမေရိကန်နိုင်ငံရေးသမားများ နှင့် မီဒီယာများ၏ မကြာသေးမီက ပြောဆိုချက်များအတွက် မည်သည့် “ သိပ္ပံ အထောက်အထားမျှ မရှိ” ကြောင်း သိပ္ပံပညာရှင်းများက ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၃ရက် (ဆင်ဟွာ) နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) သည် နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ ကျော်တွင် ခြေကုပ်ယူခဲ့ပြီးဖြစ်ရာ ကူးစက်ရောဂါ၏ ခြိမ်းခြောက်မှုသည် အမှန်စင်စစ် ရောက်ရှိလို့ လာခဲ့ပါပြီ။ ၎င်းသည် ကပ်ရောဂါတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သော်လည်း ထိန်းချုပ်၍ ရနိုင်ပါသည်။
ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ရောဂါအများဆုံးဖြစ်ပွားခဲ့သော နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်နှင့် ပြည်နယ်မြို့တော် ဝူဟန့်တို့သည် တရုတ်ပြည်သူ ၁.၄ ဘီလီယံ၏ အားပေးထောက်ပံ့မှုကို ရရှှိခဲ့ကြောင်း ကျန်းမာရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဆစ်ဒနီ၊ မေ ၂ ရက် (ဆင်ဟွာ) ခီရီဘာတီနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် ကူညီရန် တရုတ်နိုင်ငံ၏ အကူအညီတစ်စိတ်တစ်ပိုင်းအဖြစ် ပထမအသုတ် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများကို ခီရီဘာတီနိုင်ငံက မေ ၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှုဒဏ်အများဆုံးခံစားခဲ့ရသော ဝူဟန့်မြို့အား သီတင်းပတ် ၁၁ ပတ်နီးပါး အသွားအလာကန့်သတ်ပိတ်ပင်ထားရာမှ ဧပြီ ၈ ရက်ကစတင်၍ ခရီးသွားလာခွင့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးလိုက်ပြီဖြစ်သည်။
ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်းရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ အများဆုံးဖြစ်ပွားခဲ့သည့် ဟူပေပြည်နယ်တွင် မြို့တော် ဝူဟန့်ရှိဆေးရုံမှ နောက်ဆုံးလူနာ ၁၂ ဦး ဆေးရုံမှဆင်းသွားပြီးနောက် ယခုအခါ COVID-19 လူနာကင်းစင်သွားပြီဖြစ်သည်။ နိုင်ငံတစ်ခုလုံးအနေဖြင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေး တိုက်ပွဲကို အနိုင်ရရှိရန် ခြေတစ်လှမ်းနီးကပ်လာပြီဖြစ်သည်။
ဆန်းကျန့်၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုအတွင်း လူငယ်များက မိမိတတ်စွမ်းရာနေရာမှ ပါဝင်လျက် စေတနာ့ဝန်ထမ်းခဲ့ကြရာ ၁၉၉၃ ခုနှစ်တွင် မွေးဖွားခဲ့သည့် လီဝန်ချီ တစ်ယောက်လည်း အပါအဝင်ဖြစ်ပါသည်။