Connect with us

Politics, Law & Military

“တောင်တရုတ် ပင်လယ် နိုင်ငံများ အပြုအမူ ဆိုင်ရာ ကြေညာစာတမ်း” (DOC) အကောင်အထည်ဖော်ရေး ၁၉ ကြိမ်မြောက် အဆင့်မြင့်အရာရှိ အစည်းအဝေး ချုံချင့်တွင် ကျင်းပ

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နယ်နိမိတ် နှင့် ပင်လယ်ရေကြောင်းရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဟုန်လျန် အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန)

ချုံချင့် ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် “တောင်တရုတ် ပင်လယ် နိုင်ငံများ အပြုအမူ ဆိုင်ရာ ကြေညာစာတမ်း” (DOC) အကောင်အထည်ဖော်ရေး ၁၉ ကြိမ်မြောက် အဆင့်မြင့်အရာရှိ အစည်းအဝေး ကို ဇွန်လ ၇ ရက်တွင် တရုတ်နိုင်ငံ ချုံချင့်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နယ်နိမိတ် နှင့် ပင်လယ်ရေကြောင်းရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဟုန်လျန် နှင့် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လာဇာရို တို့က အစည်းအဝေး ပူးတွဲ သဘာပတိအဖြစ် ဦးစီးကျင်းပပြုလုပ်ခဲ့သည်။အစည်းအဝေးတက်ရောက်ခဲ့ကြသည့် သက်ဆိုင်ရာအသီးသီးအနေဖြင့် “ကြေညာစာတမ်း” အား ဘက်စုံထိရောက်စွာအကောင်အထည်ဖော်ရန် ၊ ပင်လယ်ရေးကြောင်းဆိုင်ရာကိစ္စရပ်ကို ထိရောက်စွာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအား တိုးချဲ့ရန် နှင့် “တောင်တရုတ် ပင်လယ် အပြုအမူ ဆိုင်ရာ သတ်မှတ်ချက်” (COC) ညှိနှိုင်းဆောင်ရွက်မှုစသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ နက်ရှိုင်းစွာ သဘေားထာအမြင်များ ဖလှယ်ခဲ့ကြသည်။ သက်ဆိုင်ရာအသီးသီးက တောင်တရုတ်ပင်လယ်၏ လက်ရှိ အခြေအနေကို ခြုံငုံသုံးသပ်ပါက တည်ငြိမ်မှုရှိသည်ဟု ယူဆခဲ့ကြသည်။ ကပ်ရောဂါအခြေအနေကြောင့် သက်ရောက်မှုဖြစ်ပွားခဲ့သော်လည်း တရုတ်နိုင်ငံ နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတို့သည် “ကြေညာစာတမ်း” အား ဆက်လက်၍ ဘက်စုံအကောင်အထည်ဖော်နိုင်ရန် အလေးထားဆောင်ရွက်နေကြကြောင်း ၊ သွက်လက်ပြီး လက်တွေ့ကျသည့် လုပ်ကိုင်ဆောင်ရွက်မှုပုံစံဖြင့် “သတ်မှတ်ချက်” ညှိနှိုင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ကို ထိန်းသိမ်းထားကြောင်း ၊ သက်ဆိုင်ရာအသီးသီးအနေဖြင့် “ကြေညာစာတမ်း” ၏ အရေးပါမှုအပေါ် အသီးသီး ပြောကြားခဲ့ကြပြီး အတူတကွ ဆက်လက်၍ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း ၊ ဆက်လက်၍ အပြန်အလှန် ယုံကြည်မှုတိုးပွားအောင်ဆောင်ရွက်သွားပြီး တောင်တရုတ်ပင်လယ် တည်ငြိမ်အေးချမ်းရေး ကို အတူတကွ ထိန်းသိမ်းသွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် “သတ်မှတ်ချက်” နှင့်ပတ်သက်၍ ရှေ့ဆက်ညှိနှိုင်းဆောင်ရွက်မည့် အစီအစဉ်အပေါ် ဘုံသဘောတူညီချက်ရရှိခဲ့ကာ မူကြမ်းစာသားကို ဒုတိယအကြိမ် အမြန်ဆုံး ဖတ်ရှုစစ်ဆေး သွားရန် သဘောတူညီခဲ့ကြပြီး အမြန်ဆုံး “သတ်မှတ်ချက်”ရရှိအောင်လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(外事)落实《南海各方行为宣言》第19次高官会在重庆举行

新华社重庆6月7日电中国和东盟国家落实《南海各方行为宣言》第19次高官会7日在重庆举行。外交部边海司司长洪亮作为中方高官与菲律宾外交部副部长拉扎萝共同主持会议。

各方就全面有效落实《宣言》、加强海上务实合作及“南海行为准则”磋商等议题深入交换意见。各方认为,当前南海形势总体稳定。尽管受到疫情影响,中国和东盟国家继续致力于全面有效落实《宣言》,以灵活务实方式保持“准则”磋商进程。各方强调全面有效落实《宣言》的重要性,一致同意继续深化合作,持续增进互信,共同维护南海和平稳定。

会议就“准则”下步磋商安排达成共识,同意尽快恢复案文第二轮审读,争取早日达成“准则”。(完)

Photo

外交部边海司司长洪亮 (图片-外交部网站)