ပေကျင်း ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Sergei Lavrov နှင့် ဇူလိုင် ၁၇ ရက်က ဖုန်းဖြင့်ဆက်သွယ်ဆေွးနွေးမှုတစ်ခု ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု နှင့် ညှိနှိုင်းဆောင်ရွက်မှုတိုးမြှင့်ရေး ထောက်ခံအားပေးသွားရန်...
ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဒါရိုက်တာအဖွဲ့က ဗီယက်နမ်နိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသော စီးပွားရေးဆောင်ရွက်မှုများကို ထောက်ပံ့ကူညီရန် စီးပွားရေးဘဏ်တစ်ခုအား ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခွင့်ပြုခဲ့ကြောင်း ဇူလိုင် ၁၇ ရက်က ပြောကြားခဲ့သည်။
ဘာလင်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) COVID-19 ရောဂါက ကမ္ဘာ့ကုန်သွယ်ရေးကို ထိခိုက်လာချိန်တွင် တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံ စီးပွားရေးအတွက် “နံပါတ်တစ် ပို့ကုန်တင်ပို့ရာနိုင်ငံ” ဖြစ်လာကြောင်း ဂျာမန် စီးပွားရေးအဖွဲ့အစည်း (IW) က ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်သော လေ့လာမှုအရ သိရသည်။
ချန်တူး၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ လေတပ်၏ Y-9 ဆေးဘက်ဆိုင်ရာသုံးလေယာဉ်သည် ယခုတစ်ပတ်အတွင်း ပထမဆုံးလွှဲပြောင်း ပို့ဆောင်ရေးတာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်အဆိုအရ သိရသည်။
ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (ASEAN) တို့ ပို့ဆောင်ရေး နှင့် ထောက်ပံသယ်ပို့ရေးလုပ်ငန်းများ လွယ်ကူစွာ စီးဆင်းနိုင်မှုကို ထိန်းသိမ်းရန် နှင့် ကမ္ဘာ့ စက်မှုလုပ်ငန်းဆိုင်ရာနှင့် ကုန်ပစ္စည်းထောက်ပံ့ရေးများ တည်ငြိမ်မှုရှိရန် အားကောင်းစွာ ပူးပေါင်းဆောင်ရွက်သွားသင့်ကြောင်း သယ်ယူပို့ဆောင် ရေးဝန်ကြီးဌာန...
ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ Forbidden City ဟု လူသိများသော နန်းတော်ပြတိုက်က အင်တာနက်အသုံးပြုသူများအတွက် ပြတိုက်၏ ဒီဂျစ်တယ် အရင်းအမြစ်များကို တစ်နေရာထဲတွင် ရရှိနိုင်ရန် အွန်လိုင်းပရိုဂရမ်တစ်ခုကို မိတ်ဆက်လိုက်ကြောင်း ဇူလိုင် ၁၆ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် ပထမအကြိမ် တရုတ်+အလယ်အာရှ (C+C5) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအား ဇူလိုင် ၁၆ ရက်တွင် တက်ရောက်ကာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) COVID-19 ရောဂါအား “ကွန်တုပ်ကွေး” (Kong flu) ၊ “တရုတ်ဗိုင်းရပ်စ်” ဟူ၍ ရည်ညွှန်းသုံးနှုန်းခြင်းမှာ သင့်လျော်မှုမရှိကြောင်း အမေရိကန်နိုင်ငံတွင် ကောက်ယူခဲ့သည့်စစ်တမ်းတစ်ခုအား မှတ်တမ်းတင်ထားသည့် ဖြေဆိုသူ ၆၆ ရာခိုင်နှုန်းက ပြောကြားကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ကပ်ရောဂါအခြေအနေ တိုးတက်လာပြီးနောက် ရောဂါဖြစ်ပွားမှုနည်းပါးသည့် နေရာများရှိ ရုပ်ရှင်ရုံများအား ဇူလိုင် ၂၀ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ရုပ်ရှင်လုပ်ငန်းစီမံခန့်ခွဲမှုဦးစီးဌာနက ဇူလိုင် ၁၆ ရက်တွင် ကြေညာလိုက်သည်။
ဟောင်ကောင်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုင်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း က ၎င်းအနေဖြင့် ပဋိပက္ခ နှင့် မငြိမ်သက်မှုများဖြစ်ပွားခဲ့သောနှစ်ကို ကျော်လွန်ပြီးနောက် ပြန်လည်နာလန်ထူရန်အတွက် ခွန်အားများနှင့် ကြိုးပမ်းအားထုတ်မှုများကို စုစည်းရန် ငွေကြေးအချက်အခြာတစ်ခုဖြစ်သော ဟောင်ကောင်ကို ဦးဆောင်သွားမည်ဟု ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။