Economy3 months ago
တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများအပေါ် အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်သတ်မှတ်မှုများက ကုန်သွယ်ရေးအရ ဗိုလ်ကျအနိုင်ကျင့်မှုနှင့် လွှမ်းမိုးခြယ်လှယ်မှုကို မီးမောင်းထိုးပြလျက်ရှိ
ပေကျင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အစိုးရက ကုန်သွယ်ရေးဆိုင်ရာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို လက်နက်သဖွယ် ထပ်မံအသုံးချကာ အမေရိကန်ဈေးကွက်ထဲသို့ တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများ မဝင်ရောက်နိုင်စေရန် ဟန့်တားခြင်းသည် ကုန်သွယ်ရေးအရ ဗိုလ်ကျအနိုင်ကျင့်မှုနှင့် လွှမ်းမိုးခြယ်လှယ်မှု ပုံစံစစ်စစ်ဖြစ်သည်ကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။