Social, Education & Health5 years ago
ကောက်ရိုးဖြင့်ရက်လုပ်သော လက်မှုပစ္စည်းလုပ်ငန်းများက ကျေးလက်အတွက် ဝင်ငွေတိုးစေသည့် လုပ်ငန်းဖြစ်လာ
ဆန်းတုန်း၊ ဇွန် ၄ ရက်(ဆင်ဟွာ) ဂျုံရိတ်သိမ်းရာသီတွင် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် လျင်ရီမြို့ ထျန်ချန်ခရိုင်ရှိ တောင်သူများသည် ဂျုံပင်ကောက်ရိုးများကိုပါ ရိတ်သိမ်းပြီး နေပူလှန်း ပိုးသတ်၍ လက်ရာမြောက်သည့် လက်မှုပစ္စည်းလေးများ ရက်လုပ်လေ့ရှိကြသည်။၎င်းမှာ ကောက်ရိုးမီးလောင်၍ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်းအား ကာကွယ်နိုင်သလို ဝင်ငွေလည်း ထပ်တိုးစေခဲ့သည်။