Connect with us

Social, Education & Health

ကောက်ရိုးဖြင့်ရက်လုပ်သော လက်မှုပစ္စည်းလုပ်ငန်းများက ကျေးလက်အတွက် ဝင်ငွေတိုးစေသည့် လုပ်ငန်းဖြစ်လာ

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် လျင်ရီမြို့ ထျန်ချန်ခရိုင်ရှိ ကောက်ရိုးရက် လက်မှုပစ္စည်းလုပ်ငန်းများအား ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းတုန်း၊ ဇွန် ၄ ရက်(ဆင်ဟွာ)

ဂျုံရိတ်သိမ်းရာသီတွင် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် လျင်ရီမြို့ ထျန်ချန်ခရိုင်ရှိ တောင်သူများသည် ဂျုံပင်ကောက်ရိုးများကိုပါ ရိတ်သိမ်းပြီး နေပူလှန်း ပိုးသတ်၍ လက်ရာမြောက်သည့်  လက်မှုပစ္စည်းလေးများ ရက်လုပ်လေ့ရှိကြသည်။၎င်းမှာ ကောက်ရိုးမီးလောင်၍ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်းအား ကာကွယ်နိုင်သလို ဝင်ငွေလည်း ထပ်တိုးစေခဲ့သည်။

ယခုနှစ်များတွင် ဒေသန္တရအစိုးရမှ ဦးဆောင်ကာ ရန်ပုံငွေဖြင့် ကောက်ရိုးရက် လက်မှုပစ္စည်း သမဝါယမအသင်းကို ကူညီဖွဲ့စည်းပေးခဲ့ပြီး အွန်လိုင်းဆိုင်များမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပေးခြင်း စသည့်နည်းလမ်းဖြင့် ဒေသလက်မှုပစ္စည်းများကို အများသိအောင် ရောင်းချပေးခဲ့သည်။

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် လျင်ရီမြို့ ထျန်ချန်ခရိုင်ရှိ  ကောက်ရိုးရက် လက်မှုပစ္စည်းလုပ်ငန်းများအား ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် လျင်ရီမြို့ ထျန်ချန်ခရိုင်ရှိ  ကောက်ရိုးရက် လက်မှုပစ္စည်းလုပ်ငန်းများအား ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် လျင်ရီမြို့ ထျန်ချန်ခရိုင်ရှိ  ကောက်ရိုးရက် လက်မှုပစ္စည်းလုပ်ငန်းများအား ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် လျင်ရီမြို့ ထျန်ချန်ခရိုင်ရှိ  ကောက်ရိုးရက် လက်မှုပစ္စည်းလုပ်ငန်းများအား ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ရှိတွင် ခရိုင်တစ်ခုလုံးတွင် မှတ်ပုံတင်ထားသော ကောက်ရိုးလက်မှုပစ္စည်းကုမ္ပဏီနှင့် သမဝါယမအသင်း ၇၀ ကျော်ရှိပြီး နှစ်စဉ် ရောင်းချသည့် လက်မှုပစ္စည်းပေါင်း ၁ သန်းကျော်ရှိကြောင်း ၊ ၎င်းဒေသ၏ ကျေးရွာ ၁၀ ရွာကျော်ရှိ တောင်သူ တစ်သောင်းကျော်သည် ကောက်ရိုးရက် လက်မှုပစ္စည်းလုပ်ငန်းတွင် ပါဝင် လုပ်ဆောင်လျက်ရှိရာ ဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။ (Xinhua)