Environment, Disasters & Accidents7 years ago
ဆိုင်ကလုန်းမုန်တိုင်းမိုရာ ယနေ့နံနက်မှ နောက် ၁၂ နာရီအတွင်း စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း Mora (မိုရာ) သည် ယနေ့နံနက်မှ နောက်(၁၂)နာရီအတွင်း ဘင်္ဂလားဒေရှ့် ကမ်းခြေဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြသည်။