ထျန်းကျင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီချန်က ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်ကြောင့်ကြမှုများကြောင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြတ်နိုးတန်ဖိုးထားသင့်ကြောင်း ဇွန် ၂၇ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ၊ နိုင်ငံတော်သမ္မတ ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ် ကွန်မြူနစ် လူငယ်အဖွဲ့ချုပ် (CYLC) ဦးဆောင်အဖွဲ့ဝင်များနှင့် ဇွန် ၂၆ ရက် ညနေပိုင်းက ကျုံးနန်ဟိုင်တွင် တွေ့ဆုံ၍အရေးကြီး မိန့်ခွန်းပြောကြားခဲ့သည်။
Sihanoukville ၊ ကမ္ဘောဒီးယား၊ ဇွန် ၂၆ရက် (ဆင်ဟွာ) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) က မဲခေါင်ဒေသခွဲရှိ ပူးပေါင်းဆောင်ရွက်မှုယန္တရားများအားလုံး၏ ဖန်တီးမှုနှင့် တက်ကြွမှုအရှိဆုံးဖြစ်ကြောင်း ကမ္ဘောဒီးယား အစိုးရ၏ အကြီးတန်းအကြံပေး ဆော့ခ် ဆစ်ဖန်နာက ပြောကြားခဲ့သည်။
ဟူးဟော့၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်-မွန်ဂိုလီးယား နယ်စပ်ရှိ အကြီးဆုံး အဝေးပြေးလမ်းဆိပ်ကမ်းဖြစ်သော Ganqmod ဆိပ်ကမ်းတွင် နေ့စဉ် ကုန်စည်ဖြတ်သန်းစီးဆင်းမှုပမာဏမှာ ယခုနှစ်၌ တန်ချိန် ၁၇၀,၀၀၀ ကျော်သွားပြီဖြစ်ကြောင်း ဆိပ်ကမ်းဦးစီးဌာနက ဇွန် ၂၂ ရက်က ပြောကြားခဲ့သည်။
ဝေ့နန်၊ ဇွန် ၂၆ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ်ရှိ ဟွာဆန်းတောင်တွင် တွမ်းဝူပိတ်ရက်ကာလ ဒုတိယနေ့ဖြစ်သော ဇွန် ၂၃ ရက်တွင် ခရီးသွားများဖြင့် စည်ကားခဲ့သည်။ “အန္တရာယ်များသော ထိပ်တန်း အံဖွယ်တောင်”ဟု ခေါ်ဝေါ်သမုတ်ကြသော ဟွာဆန်း၏ရှုမြင်ကွင်းများကို ခရီးသွားများက သက်ဆိုင်ရာ ဝန်ထမ်း၏ လမ်းပြမှုဖြင့် စနစ်တကျ တောင်တက်၍ လည်ပတ်ခဲ့ကြသည်။...
အက်ခရာ ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) ဂါနာနိုင်ငံရှိ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့၏ ၁၂ ကြိမ်မြောက်အဖွဲ့သည် မြို့တော် အက်ခရာ၌ ဂါနာအလုပ်သမား ၅၀၀ ကျော် နှင့် တရုတ်အလုပ်သမားများကို ဇွန် ၂၂ ရက်တွင် အခမဲ့ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua) —————————- Chinese medical...
ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံမှ နာမည်ကြီး “စိန်တစ်လုံး” သရက်သီးများ ကို တရုတ်ဈေးကွက်သို့ အများဆုံးတင်ပို့နေရကြောင်း ပြည်တွင်းသရက်သီးတင်ပို့ရောင်းချသူများ၏ ပြောကြားချက်အရ သိရသည်။
ဝူးလူမုချီ ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါဟူခရိုင် ပေါစစ်ထန်ရေကန်တွင် ငါးဖမ်းရာသီသစ် စတင်ရန် ဇွန် ၂၃ ရက်က ငါးဖမ်းပွဲတော် ကျင်းပခဲ့သည်။
ပဲရစ်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဇွန် ၂၃ ရက် နံနက်ပိုင်းက ပဲရစ်မြို့၌ ကျင်းပသော New Global Financing Pact ထိပ်သီးအစည်းအဝေးပိတ်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေးကို ပြင်သစ်နိုင်ငံ သမ္မတ...
ဖူကျိုး၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်ရှိ ကျေးရွာတစ်ခုဖြစ်သော ဖောင်းကျွမ်းကျေးရွာ တွင် နဂါးလှေလုပ်ငန်း အမွေဆက်ခံသူများ က ရိုးရာနည်းပညာကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာကြသည်မှာ နှစ်ပေါင်း ရာနှင့်ချီရှိပြီဖြစ်သည်။ (Xinhua) …………………………. (English Version) GLOBALink | Dragon...