Connect with us

Asia

ထိုင်းနိုင်ငံသို့ စက်တင်ဘာလလယ်အထိ ခရီးသွားဧည့်သည် ၁၉ သန်းဝင်ရောက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Grand Palace ရှုမျှော်ခင်းနေရာ၌ အမှတ်တရဓာတ်ပုံရိုက်နေသော ခရီးသွားဧည့်သည်များကို ၂၀၂၃ ခုနှစ် ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသို့ ဇန်နဝါရီလမှ စက်တင်ဘာလလယ်အထိ ကမ္ဘာလှည့်ခရီးသွားဧည့်သည် အရေအတွက် ၁၉ သန်းကျော် ဝင်ရောက်ခဲ့ရာ ယမန်နှင့် အလားတူကာလထက် ၂၇၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း စက်တင်ဘာ ၁၉ ရက်ထုတ် တရားဝင်အချက်အလက်များအရ သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံက လွန်ခဲ့သော သီတင်းပတ်အထိ ခရီးသွားဧည့်သည်များဝင်ရောက်မှုမှ ဝင်ငွေ ဘတ် ၇၉၅ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၂.၀၈ ဘီလီယံခန့်) ရရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံသို့ မလေးရှား၊ တရုတ်၊ တောင်ကိုရီးယားနှင့် အိန္ဒိယ စသည့်နိုင်ငံများမှ ခရီးသည်များ အဓိကဝင်ရောက်ကြကြောင်း ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန၏ အချက်အလက်များ၌ ဖော်ပြထားသည်။

ထိုင်းနိုင်ငံသည် ခရီးသွားရာသီအတွင်း နိုင်ငံ၏ အရေးပါသော ခရီးသွားလုပ်ငန်းကို ပံ့ပိုးသည့်အနေဖြင့် စက်တင်ဘာ ၂၅ ရက်မှစတင်၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းအထိ တရုတ်နိုင်ငံနှင့် ကာဇက်စတန်နိုင်ငံမှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော ခရီးသွားဧည့်သည်များအတွက် ယာယီ ခရီးသွားဗီဇာကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗီဇာကင်းလွတ်ခွင့်အစီအစဉ်သည် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာစေရန် အထောက်အကူပြုကာ ပြည်တွင်းသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှု ၂၅ သန်းမှ သန်း ၃၀ အထိ၊ ဝင်ငွေအားဖြင့် ဘတ် ၂.၃၈ ထရီလီယံ ရရှိရေးဟူသော တစ်နှစ်တာ ရည်မှန်းချက် ပြည့်မီနိုင်မည်ဟု မျှော်မှန်းထားကြောင်း ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ အုပ်ချုပ်ရေးမှူး Thapanee Kiatphaibool က သီးခြားထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် ၄.၄ သန်းအထိ ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်းနှင့် တရုတ်ခရီးသွားဧည့်သည်များ ဝင်ရောက်မှုမှ ဝင်ငွေ ဘတ် ၂၅၇ ဘီလီယံ ရရှိမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

……………………………………
(English Version)
Thailand receives over 19 mln foreign tourists till mid-September
BANGKOK, Sept. 20 (Xinhua) — Thailand received over 19 million foreign tourists between January and mid-September, representing a 271-percent year-on-year increase, official data showed on Tuesday.
As of last week, the Southeast Asian country earned more than 795 billion baht (about 22.08 billion U.S. dollars) in revenue from foreign visitors who were mainly from Malaysia, China, South Korea and India, according to data released by the Ministry of Tourism and Sports.
Beginning next Monday, Thailand will grant a temporary tourist visa exemption to passport holders from China and Kazakhstan until the end of February 2024 in support of its vital tourism industry during the peak season.
The visa-free entry scheme is expected to help revive Thai tourism and achieve the whole-year target of 25 million to 30 million inbound visitors with 2.38 trillion baht in revenue, said Thapanee Kiatphaibool, governor of the Tourism Authority of Thailand, in a separate statement.
She noted that the kingdom is expected to welcome up to 4.4 million visitors from China in 2023, with revenue of 257 billion baht generated from Chinese tourists.
Photo: Tourists take photos at the Grand Palace scenic spot in Bangkok, Thailand, June 15, 2023. (Xinhua/Wang Teng)