Connect with us

Media

တရုတ်နိုင်ငံ၏ မြင့်မားသောနေရာရှိ ဒရုန်းတိုက်ဖျက်ရေးစနစ် တပ်ဆင်ထားသော ဗို့အားမြင့် လျှပ်စစ်ဓာတ်အားခွဲရုံ စတင်လည်ပတ်

ရှီးနင်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင် ကုန်းပြင်မြင့်ပြည်နယ်ရှိ မောင်းသူမဲ့လေယာဉ်တိုက်ဖျက်ရေးစနစ် တပ်ဆင်ထားသော ၇၅၀ ကေဗီ ဗို့အားမြင့် လျှပ်စစ်ဓာတ်အားခွဲရုံ စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
CHN Energy Qinghai Maerdang ရေအားလျှပ်စစ်စက်ရုံ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အဆိုပါ ဓာတ်အားခွဲရုံသည် ပင်လယ်ရေမျက်နှာပြင်အထက် ၃,၃၆၅ မီတာရှိ ဟိုင်နန် တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် တည်ရှိသည်။ ထိုစခန်း တည်ဆောက်မှုသည် အချိန် ၁၀ လအတွင်း ပြီးစီးခဲ့သည်။

အဆိုပါ ဓာတ်အားခွဲရုံသည် ချင်းဟိုင်ပြည်နယ်တွင် မောင်းသူမဲ့လေယာဉ်တိုက်ဖျက်ရေးစနစ် တပ်ဆင်ထားသည့် ပထမဆုံး ဉာဏ်ရည်ထည့်သွင်းထားသော ဓာတ်အားခွဲရုံလည်း ဖြစ်သည်။ ၎င်းစက်ရုံသည် ကျူးကျော်ဝင်ရောက်လာသော မောင်းသူမဲ့လေယာဉ်များ၏ အချက်ပြမှုများကို ဖမ်းယူနိုင်စွမ်းရှိသလို အမျိုးအမည်မသိသော ဒရုန်းများကိုလည်း ကြားဖြတ်တိုက်ဖျက်ရန် ကာကွယ်ရေးစနစ်သို့ ပြောင်းလဲနိုင်စွမ်းရှိကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ယင်းဓာတ်အားခွဲရုံသည် ခေတ်မီလုပ်ဆောင်ချက်များနှင့်အတူ အချက်အလက်မျှဝေနိုင်သော ဉာဏ်ရည်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံနှင့် အနီးဝန်းကျင်ရှိ ဓာတ်အားခွဲရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်း ထိန်းချုပ်ရေးစင်တာများနှင့် အပြန်အလှန်ချိတ်ဆက်နိုင်မှုလည်း ရှိကြောင်း သိရသည်။ (Xinhua)

………………………………..
(English Version)
China’s high-altitude ultra-high voltage substation with counter-drone system goes operational
XINING, Sept. 18 (Xinhua) — A 750-kV ultra-high voltage substation equipped with a counter-unmanned aircraft system has been put into operation in northwest China’s plateau province of Qinghai.

The substation, which is a part of the CHN Energy Qinghai Maerdang Hydropower Station, is situated in the Hainan Tibetan Autonomous Prefecture at an altitude of 3,365 meters. The construction of this substation was completed within a span of 10 months.
It is the first intelligent substation to be equipped with a counter-unmanned aircraft system in Qinghai. It is capable of capturing signals of intruding unmanned aircraft and turning on defense mode to intercept unidentified drones. At the same time, it is an intelligent substation capable of data sharing and intelligent interaction with adjacent substations and power grid control centers, among an array of smart functions.