နူကူးအေလိုဖာ ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ၎င်းတို့၏ သံတမန်ဆက်ဆံရေးထူထောင်ချိန်မှစတင်ကာ တွန်ဂါနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် ခိုင်မာသန်စွမ်းသောတိုးတက်မှုကို မြင်တွေ့ခဲ့ရပြီးဖြစ်ကြောင်း တွန်ဂါနိုင်ငံဘုရင် Tupou VI က မေ ၃၁ ရက်တွင်ပြောကြားခဲ့ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို မြဲမြံစွာလိုက်နာရန် ကတိပြုကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေးပိုမိုကြီးမားတိုးတက်စေရန် မြှင့်တင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
စူဗား၊ မေ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအနွရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေး စသည်တို့အား ကိုင်တွယ်နေသော နယ်ပယ်များတွင် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပလက်ဖောင်းအသစ်များ တည်ဆောက်ရန် ဆန္ဒရှိကြောင်း ဖီဂျီနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက...
မောက်မင်၊ မေ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံးသော ပင်လယ်ရေနက်ပိုင်း ရေပါ်လေအားလျှပ်စစ်စက်ပစ္စည်းကိရိယာ”ဖူရောင်”ကို တနင်္ဂနွေနေ့က တရုတ်နိုင်ငံ တောင်ပိုင်း မောက်မင်မြို့တွင် တပ်ဆင်ခဲ့သည်။
ပေကျင်း၊ မေ ၃၀ ရက်(ဆင်ဟွာ) လက်ရှိကမ္ဘာ၌ ကိုဗစ်-၁၉ ကပ်ရောဂါ၏မြူမှိုင်းများ ရှင်းလင်းသွားခြင်း မရှိသေးသည့် အခြေအနေတွင် ရုရှား-ယူကရိန်း ပဋိပက္ခ၏ စစ်မက်မီးလျှံ ထပ်မံတောက်လောင်နေရာ သမာရိုးကျနှင့်သမာရိုးကျမဟုတ်သော လုံခြုံရေးအန္တရာယ်ခြိမ်းခြောက်မှုများ အဆက်မပြတ် ဖြစ်ပေါ်လျက်ရှိသည်။
ကျိုချွမ်၊ မေ ၃၀ ရက်(ဆင်ဟွာ) လူလိုက်ပါ အာကာသယာဉ် Shenzhou-14နှင့် အာကာသယာဉ် သယ်ဆောင်ရေး ဒုံးပျံ Long March-2Fအတွဲကို အာကာသယာဉ်လွှတ်တင်မည့် ဧရိယာသို့ ရွှေ့ပြောင်းထားပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံလူလိုက်ပါအာကာသအေဂျင်စီ(CMSA)က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ဆူဖာ၊ မေ ၂၉ ရက် (ဆင်ဟွာ) ယခုကာလများတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က မူဝါဒဆိုင်ရာ မိန့်ခွန်းပြောကြားရာ၌ တရုတ်နိုင်ငံသည် နိုင်ငံတကာ စည်းမျဉ်းအပေါ် “အဆိုးဝါးဆုံး ရေရှည်စိန်ခေါ်မှု” ဖြစ်ပေါ်စေသည့်အတွက် အမေရိကန်အနေဖြင့် မိမိကိုယ်ကို ရင်းနှီးမြှုပ်နှံပြီး မဟာမိတ်များအား စည်းရုံးကာ တရုတ်နိုင်ငံနှင့် ပြိုင်ဆိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ ၎င်းမှာ နိုင်ငံတကာအခြေအနေနှင့်...
ပေကျင်း ၊ မေ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍသည် cloud computing နည်းပညာကဲ့သို့သော ထွန်းသစ်စ စီးပွားရေးအခွင့်အလမ်းပွင့်လင်းလာခြင်းနှင့်အတူ ယခုနှစ် ပထမ လေးလတွင် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
ပေကျင်း၊ မေ ၂၈ ရက်(ဆင်ဟွာ) လူ့အခွင့်အရေးကဏ္ဍသည် လူသားမျိုးနွယ် ယဉ်ကျေးမှုတိုးတက်ခြင်း၏ အမှတ်သညာဖြစ်သည်။ တရုတ်နိုင်ငံအစိုးရသည် ပြည်သူကို ဗဟိုပြု၍ လေးစားမှုနှင့်လူ့အခွင့်အရေးအာမခံမှုကို နိုင်ငံရေးရာ စီမံခန့်ခွဲမှု၏ အရေးကြီးလုပ်ငန်းစဉ်အဖြစ် ကာလကြာရှည်ဆောင်ရွက်လာခဲ့ရာ မိမိနိုင်ငံ၏ လူ့အခွင့်အရေးကဏ္ဍတွင် သမိုင်းဝင်အောင်မြင်မှုရရှိအောင် တွန်းအားပေးနိုင်ခဲ့သလို ကမ္ဘာ့လူအခွင့်အရေးကဏ္ဍတိုးတက်ရေးအတွက် အစားထိုးမရသည့် ထင်ရှားသော အကျိုးဆောင်မှု ရှိခဲ့သည်။ တရုတ်နိုင်ငံတွင်...
ဟူးဟောက်၊ မေ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ သုတေသီများသည် Shenzhou-13 အာကာသယာဉ်အတွင်း အချိန် ၆ လတာ ပျိုးပွားခဲ့သည့် မျိုးစေ့ပေါင်း ၁၂,၀၀၀ ကို စမ်းသပ်စိုက်ပျိုးမှုစတင်ခဲ့သည်။ မျိုးစေ့များတွင် ပြီးခဲ့သည့်နှစ်က သုတေသန အဖွဲ့အစည်းပေါင်းများစွာက ရွေးချယ်ပေးခဲ့သည့် ပဲစေ့များ၊ အုတ်ဂျုံစေ့များနှင့် မှိုမျိုးစေ့များပါဝင်သည်။ ထိုမျိုးစေ့များကို...
စင်ကာပူ၊ မေ ၂၇ ရက် (ဆင်ဟွာ) အခွင့်အလမ်းနှင့် ဈေးကွက်များက တရုတ်နိုင်ငံတွင်ရှိရာ နိုင်ငံအသီးသီးအနေဖြင့် တရုတ်နိုင်ငံနှင့် စီးပွားရေးမလုပ်၍မရသလို တရုတ်ရင်းနှီးမြုပ်နှံမှုများကို ကြိုဆိုရမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းက ဂျပန်နိုင်ငံ Nikkei သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားစဉ် ပြောကြားခဲ့ကြောင်း စင်ကာပူ Lianhe Zaobao သတင်းစာ၏...