ချိန်တူး၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက Long March-3B ဒုံးပျံကို အသုံးပြုကာ Shijian-25 စမ်းသပ်ဂြိုဟ်တုတစ်စင်းအား ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက အာကာသအတွင်းသို့ အောင်မြင်စွာလွှတ်တင်ခဲ့သည်။ နောက်ပိုင်းတွင် သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ပို့ဆောင်မည့် ကုန်ပစ္စည်းများ တင်ဆောင်ထားသော အဆိုပါ ဒုံးပျံကို တရုတ်နိုင်ငံ...
ကုလသမဂ္ဂ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) နိုင်ငံတကာအသိုက်အဝန်းက ဆူဒန်နိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အဆက်မပြတ်မြှင့်တင်ရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က ဇန်နဝါရီ ၆ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆူဒန်အရေး တံခါးဖွင့်အစည်းအဝေး၌ တိုက်တွန်းပြောကြားခဲ့သည်။ ကိန်းစွမ်က ဆူဒန်နိုင်ငံပဋိပက္ခဖြစ်ပွားနေသည်မှာ...
သိပ္ပံပညာရှင်များသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် တွေ့ရသော ကျောက်ဖြစ်ရုပ်ကြွင်းခြေရာအုပ်စုတစ်ခုမှာ လွန်ခဲ့သော နှစ်ပေါင်း သန်း ၁၂၀ ကျော်က အသားစားဒိုင်နိုဆောများ ကျန်ရစ်သောခြေရာများဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ယင်းခြေရာများက အဆိုပါ ရှေးဟောင်းသတ္တဝါများ၏ အုပ်စုလိုက်နေထိုင်သောအလေ့အထများကို အတွင်းကျကျလေ့လာနိုင်ရန် အထောက်အကူပြုလျက်ရှိသည်။ ထိုခြေရာများ တွေ့ရှိသောနေရာသည် ကန်းစုပြည်နယ် ကျင်းယွမ်ခရိုင် ဝူလန်မြို့တွင် တည်ရှိသည်။ သိပ္ပံပညာရှင်များက...
ဘာလင်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) BMW သည် တရုတ်နိုင်ငံဈေးကွက်၌ အခြေစိုက်လုပ်ဆောင်နေသည်မှာ နှစ် ၃၀ ရှိပြီဖြစ်ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံသည် BMW ၏ တစ်ကမ္ဘာလုံး၌ အကြီးဆုံးဈေးကွက် ဖြစ်သည်သာမက ၎င်းတို့ ဂျာမနီရုံးချုပ်ပြီးနောက် အကြီးဆုံးသုတေသနပြုစင်တာနှင့် ထုတ်လုပ်ရေး အခြေစိုက်စခန်းလည်း ဖြစ်သဖြင့် BMW အတွက် အလွန်အရေးကြီးကြောင်း...
အင်အားသုံး၍ လွှမ်းမိုးသည့် နိုင်ငံရေးစနစ်နှင့် ဗိုလ်ကျကြီးစိုးမှုတို့ ဖိစီးလျက်ရှိသော ကမ္ဘာကြီးတွင် တရုတ်-အာဖရိက မိတ်ဖက်ဆက်ဆံရေး၏ အရေးပါမှုမှာ ပို၍ပင် ထင်သာမြင်သာရှိလာခဲ့သည်။ ထိုမိတ်ဖက်ဆက်ဆံရေးသည် သာတူညီမျှရှိမှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှု၊ ဘုံသာယာဝပြောမှုတို့၏ မီးပြတိုက်အဖြစ်လည်း ရပ်တည်လျက်ရှိသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0gG ………………… (English Version) China-Africa...
– တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုက ဘုံသာယာဝပြောမှု မြှင့်တင်ရေးအတွက် အောင်မြင်သော သာဓက ချမှတ်လျက်ရှိ – ဗင်နီဇွဲလားက ပါရာဂွေးနှင့် သံတမန်ဆက်ဆံရေးဖြတ်တောက် – တရုတ်နိုင်ငံခြားရေးဝန်ကြီး အာဖရိကခရီးစဉ် စတင်၊ တရုတ်-အာဖရိကဆက်ဆံရေး ခိုင်မာအားကောင်းစေမည်ဟု ထပ်လောင်းပြောကြား – အီရန်က “ဂုဏ်သိက္ခာကို အခြေခံသော” နျူကလီးယားဆွေးနွေးပွဲများအတွက် အသင့်ရှိဟု ဆို...
ရွှေလီ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံမူဆယ်-တရုတ်နိုင်ငံရွှေလီ နယ်စပ်ဖြတ်ကျော်မာရသွန် အပြေးပြိုင်ပွဲကို ဇန်နဝါရီ ၅ ရက်တွင် ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုး၊ ဂျိမ်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရွှေလီမြို့၌ကျင်းပခဲ့ရာ တရုတ်၊ မြန်မာ၊ ဗြိတိန် စသည့်နိုင်ငံနှင့် ဒေသပေါင်းများစွာမှ လူပေါင်း ၉,၀၂၉...
ဟားအယ်ပင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဟားအယ်ပင်း ရေခဲ-ဆီးနှင်း ကမ္ဘာသည် ကမ္ဘာ့အကြီးဆုံး ရေခဲနှင့် ဆီးနှင်း အပန်းဖြေဥယျာဉ်ဖြစ်ပါသည်။ ယင်းအပန်းဖြေဥယျာဉ်အား ရေခဲနှင့် ဆီးနှင်း ကုဗမီတာပေါင်း ၃၀၀,၀၀၀ အား အသုံးပြု၍ တည်ဆောက်ထားခြင်းဖြစ်ကာ လာမည့် ဖေဖော်ဝါရီလတွင် ကျင်းပမည့် ၂၀၂၅...
ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) မကြာသေးမီက တရုတ်သုတေသီများသည် ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသော တောင်များသို့တက်နေစဉ်အတွင်း လူသားများ၏ ကိုယ်ခံအားစနစ်နှင့် ဇီဝကမ္မဖြစ်ပျက်မှု စသည့် ဖြစ်စဉ်နှစ်ခုလုံး၌ တွေ့ရှိရသည့် ပြင်းထန်သော ပြောင်းလဲမှုများအား ထုတ်ဖော်ခဲ့ကြပြီး ပင်လယ်ရေ မျက်နှာပြင်အထက် တောင်အမြင့်ပိုင်းနေရာများတွင် တောင်တက်သမားများ ရင်ဆိုင်ကြုံတွေ့ရသော ဇီဝကမ္မဆိုင်ရာ စိန်ခေါ်မှုများနှင့်ပတ်သက်၍...
ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ်အတွင်း တရုတ်လျှပ်စစ်ကားများသည် ပြည်ပဈေးကွက်၌ ရလဒ်ကောင်းများ ဆွတ်ခူးရရှိခဲ့သည်။ အချို့သောနိုင်ငံမှ လုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များ လွန်ခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်သည့် အချက်အလက်များအရ တရုတ်လျှပ်စစ်ကားများသည် ပြည်ပတွင် အဆက်မပြတ် အရောင်းသွက်လျက်ရှိကြောင်းသိရသည်။ Norwegian Road Federation (OFV) က ၂၀၂၅...