ဝါရှင်တန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတဒေါ်နယ်ထရမ့်သည် COVID-19 ရောဂါမှ ပြန်လည်သက်သာကောင်းမွန်လာ၍ တနင်္လာနေ့ ညနေပိုင်းတွင် ဆေးရုံမှ ပြန်ဆင်းခွင့် ရသွားပြီဖြစ်သော်လည်း ၎င်းအားကုသပေးခဲ့သည့် ဆရာဝန်များအနက်တစ်ဦးက “လုံးဝစိတ်ချရသော အနေအထားမဟုတ်သေးကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ ညီငယ်ဆုံး ဖြစ်သူ ရောဘတ်ထရမ့်(Robert Trump) သည် ဩဂုတ် ၁၅ ရက် ညပိုင်းက ကွယ်လွန်သွားကြောင်း နှင့် ကွယ်လွန်ချိန်တွင် အသက် ၇၁ နှစ်အရွယ်ရှိကြောင်း သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့သည်။
ဝါရှင်တန် ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ COVID-19 ကပ်ရောဂါ ကိုင်တွယ်ပုံအပေါ် ပြည်သူများက စိတ်ပျက်လျက်ရှိပြီး မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းတစ်ခုတွင် လူထု ထောက်ခံမှု အနိုမ့်ဆုံးအဆင့်သစ်တစ်ခုသို့ ကျဆင်းနေခြင်းနှင့်အတူ နိုင်ငံအနေဖြင့် မှားယွင်းသော လမ်းကြောင်းဆီသို့ ဦးတည်သွားနေကြောင်း ယင်းစစ်တမ်းဖြေဆိုသူအများစုက ယုံကြည်နေကြသည်။
ဝါရှင်တန် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် “ ပြန်မကောင်းလာမီ ၊ ပိုဆိုးနိုင်ဖွယ်ရှိ” ဟု ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းတွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) COVID-19 သတင်းအချက်အလက်ဆိုင်ရာ ဆန္ဒမဲကောက်ယူမှု အသစ်တစ်ခု ထွက်ပေါ်လာချိန်တွင် အမေရိကန်နိုင်ငံ၏ မဲဆန္ဒရှင် ၆၀ ရာခိုင်နှုန်း ကျော်က အမေရိကန် ကူးစက်ရောဂါများဆိုင်ရာ ထိပ်တန်း ကျွမ်းကျင်သူ Anthony Fauci ကို ယုံကြည်ကြပြီး သမ္မတ ဒေါ်နယ် ထရမ့်ကို...
ဝါရှင်တန်၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် ဇူလိုင် ၁၁ ရက်က မေရီလန်းပြည်နယ်ရှိ Walter Reed အမျိုးသားစစ်ဘက်ဆိုင်ရာ ဆေးကုသရေးစင်တာသို့သွားရောက်စဉ် အများရှေ့တွင် ပထမဆုံးအကြိမ် နှာခေါင်းစည်းတပ်ဆင်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် ၎င်း၏ ဇနီး တို့သည် ကိုရိုနာဗိုင်းရပ်စ်တစ်ကျော့ပြန် ဦးမော့လာနေချိန်အတွင်းမှာပင် ဇွန် ၂၀ ရက် ညနေပိုင်းက အော့ကလန်ဟိုးမားပြည်နယ် တူလ်ဆာမြို့(Tulsa) ၌ ပြုလုပ်သည့် လူထုထောက်ခံပွဲတစ်ခုသို့ အတူတကွ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mark Esper က ရဲတပ်ဖွဲ့၏ လူမဆန်စွာပြုကျင့်မှု နှင့် လူမျိုးရေးခွဲခြားမှုအတွက် တရားမျှတမှုရရှိရန် နိုင်ငံအနှံ့ဖြစ်ပွားနေသော တောင်းဆို ဆန္ဒပြမှုများ ရပ်တံ့အောင် စစ်အင်အားသုံး လုပ်ဆောင်မည့် သမ္မတ၏ အစီအစဉ်ကို ငြင်းပယ်လိုက်ကြောင်း သိရသည်။
ဝါရှင်တန် ၊ မေ ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအပေါ် စစ်အင်အားသုံးမည့် သမ္မတ၏ လုပ်ပိုင်ခွင့်အပေါ် ကန့်သတ်ရန် ရည်ရွယ်သည့် ဥပဒေတစ်ခုကို မေ ၆ ရက်တွင် ပြင်းပြင်းထန်ထန် ပယ်ချလိုက်ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) ဇန်နဝါရီ ၇ ရက်က အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအား ဦးတည်ပစ်လွှတ်ခဲ့သည့် အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများအတွင်း အမေရိကန်ဘက်က အထိအခိုက် အသေအပျောက် မရှိကြောင်း နှင့် အမေရိကန်အနေဖြင့် အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများ ထပ်မံတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၈ ရက်တွင်...