ဂျေရုဆလင်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ပါလက်စတိုင်းလူထုနှင့် အစ္စရေးရဲတပ်ဖွဲ့ဝင်များအကြား အောက်တိုဘာ ၁၉ ရက်က အရှေ့ဂျေရုဆလင်ရှိ ဂျေရုဆလင်မြို့ဟောင်း ဒမတ်စကပ်စ်ဂိတ်အနီးတွင် ပဋိပက္ခဖြစ်ပွားခဲ့ရာ ပါလက်စတိုင်း ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁၉ ရက်သည် အစ္စလာမ်ဘာသာ၏ အရေးကြီးပွဲတော်ဖြစ်သည့် တမန်တော်မိုဟာမတ်၏ မွေးနေ့ပွဲတော်ဖြစ်ရာ...
ရာမလာ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ပါလက်စတိုင်းနယ်မြေများတွင် အစ္စရေး၏ ချိုးဖောက်မှုအခြေအနေများမှာ မခံမရပ်နိုင်အောင်ဖြစ်လာရကြောင်း ပါလက်စတိုင်းသမ္မတ Mahmoud Abbas က အောက်တိုဘာ ၁၇ ရက်တွင် သတိပေးလိုက်ကြောင်း ပါလက်စတိုင်း အစိုးရပိုင် WAFA သတင်းဌာက ဖော်ပြခဲ့သည်။ ၎င်းက ပါလက်စတိုင်းနှင့် သဘောတူညီချက် ကတိစကားများအဖြစ်ပြောင်းရန်...
ဂါဇာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) ပါလက်စတိုင်း အလုပ်သမားထောင်ပေါင်းများစွာသည် အစ္စရေးတွင် အလုပ်လုပ်ခွင့် ပါမစ်လျှောက်ထားရန်အတွက် ဂါဇာမြို့ရှိ ကုန်သည်ကြီးများအသင်းရုံးချုပ်ရှေ့၌ အောက်တိုဘာ ၇ ရက်တွင် ဒုတိယမြောက်နေ့အဖြစ် စုရုံးရောက်ရှိခဲ့ကြကြောင်း သိရသည်။
ရာမလာ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ပါလက်စတိုင်းသမ္မတ Mahmoud Abbas သည် အောက်တိုဘာ ၃ ရက် တွင် အနောက်ဘက်ကမ်းဒေသမြို့ ဖြစ်သော ရာမလာမြို့ ၌ အစ္စရေးဝန်ကြီးနှစ်ဦးနှင့် နှစ်ဘက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း WAFA ပါလက်စတိုင်းသတင်းအေဂျင်စီတွင် ဖော်ပြခဲ့သည်။
ဂျေရုဆလမ် ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဂျူး နှင့် အာရပ် အမျိုးသမီးများသည် စက်တင်ဘာ ၂၂ ရက်တွင် ဂျေရုဆလမ်မြို့၌ စုဝေးကြပြီး အစ္စရေး နှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို တောင်းဆိုခဲ့ကြောင်း သိရသည်။
ရာမလာ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ၌ လူသားချင်းစာနာမှု အကျပ်အတည်းများအားဖြေရှင်းရန် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Yair Lapid ကအဆိုပြုချက်အား ဂါဇာတွင် ဖြစ်ပွားလျက်ရှိသည့် အကျပ်အတည်းမှာ နိုင်ငံရေးဖြစ်ကြောင်း ပါလက်စတိုင်းနိုင်ငံဝန်ကြီးချုပ် Mohammed Ishtaye က စက်တင်ဘာ ၁၃ ရက်တွင်တုံ့ပြန် ပြောကြားခဲ့သည်။ “ဂါဇာကအကျပ်အတည်းက နိုင်ငံရေးဖြစ်တယ်။...
ဂျေရုစလင် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံအကျဉ်းထောင်တစ်ခုမှ ထောင်ဖောက်ထွက်ပြေးလွတ်မြောက်သွားသော ပါလက်စတိုင်းအကျဉ်းသား ၆ ဦးအနက် ၄ ဦးကို ပြန်လည်ဖမ်းမိခဲ့ပြီးနောက် ၎င်းတို့အား နိုင်ငံမြောက်ပိုင်း နာဇရက်မြို့တွင် စက်တင်ဘာ ၁၁ ရက်က ပထမဆုံးအကြိမ် တရားရုံးတင် စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပါလက်စတိုင်းစစ်သွေးကြွ ၆...
ရာမာလာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ပါလက်စတိုင်းအနေဖြင့် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခနှင့်ပတ်သက်၍ ဖြေရှင်းရန် မည်သည့်နိုင်ငံတကာကြိုးပမ်းမှုကိုမဆို ကြိုဆိုကြောင်း ပါလက်စတိုင်းဝန်ကြီးချုပ် Mohammed Ishtaye က သြဂုတ် ၃၁ ရက်တွင်ပြောကြားခဲ့သည်။
ဂါဇာ ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတစ်လျှောက်ရှိ ပါလက်စတိုင်းလူမျိုးများအား စီမံအုပ်ချုပ်ခွင့်ရထားသည့် အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှု(ဟားမက်စ်)အဖွဲ့သည် တိုက်ခိုက်ရေးအတွက် စစ်ရေး လေ့ကျင့်ပေးရန် ၎င်းတို့၏ နွေရာသီ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးစခန်တစ်ခု၌ ပါလက်စတိုင်းဆယ်ကျော်သက်များကို လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
ရမော်လာ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) အစ္စရေးမှ လွှဲပြောင်းပေးသည့် ကာကွယ်ဆေးသည် နည်းပညာစံချိန်စံညွှန်းနှင့်မကိုက်ညီခြင်းကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေး လဲလှယ်ရေးသဘောတူညီချက်ကို ဖျက်သိမ်းလိုက်သည်ဟု ပါလက်စတိုင်းအစိုးရက ဇွန် ၁၈ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန ဆေးကုသရေးနှင့်နည်းပညာအဖွဲ့က ယင်းနေ့ညပိုင်း၌ အစ္စရေးလွှဲပြောင်းပေးသည့် Pfizer ကာကွယ်ဆေး ပထမအသုတ်ကို...