ဖနွမ်းပင် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အနောက်ပစိဖိတ်ဒေသအတွင်း အရွယ်ရောက်ပြီးသူများအကြား COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးမှု အမြင့်ဆုံးရာခိုင်နှုန်း၌ ရပ်တည်နေသော နိုင်ငံများထဲတွင် ကမ္ဘောဒီးယားနိုင်ငံလည်းပါဝင်ကြောင်း ကမ္ဘောဒီးယားရှိ ကုလသမဂ္ဂရုံး၏ ဩဂုတ် ၃ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
ဖနွမ်းပင် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယား နိုင်ငံ၌ ပြီးခဲ့သော သုံးရက်ဆက်တိုက် COVID-19 ရောဂါ ကူးစက်ခံရသူ လူနာသစ် မတွေ့ရှိရကြောင်း ၊ လူနာသုံးဦး ပြန်လည်သက်သာလာခြင်းနှင့်အတူ နိုင်ငံအတွင်း သက်သာပျောက်ကင်းသွားသည့် လူနာအရေအတွက်မှာ ၅၃ ဦးထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ ဧပြီ...