ဝူးလူမုချီ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ဝူးလူမုချီတွင် ဆဋ္ဌအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၁၄ ရက်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဝူးလူမုချီ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ဝူးလူမုချီတွင် ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး တက်ရောက်လာသော နိုင်ငံတကာမီဒီယာဌာနများစွာမှာ ခေါင်းဆောင်များနှင့် အောက်တိုဘာ ၁၃ ရက်က သီးခြားစီတွေ့ဆုံခဲ့သည်။
ဝူးလူမုချီ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဝူးလူမုချီမြို့တွင်နိုဝင်ဘာ၂၈ ရက်မှစ၍ထိရောက်သော ကပ်ရောဂါ ထိန်းချုပ် မှုအောက်တွင်ဘတ်စ်ကား၊ တက္ကစီစသည့်မြို့ပြဆိုင်ရာအများပြည် သူသုံးယာဉ်များနှင့်ကူးစက ်မှုအန္တရာယ်နည်းပါးသောဒေသရှိစူပါမားကတ်၊ ဆေးဆိုင်၊ စားသောက်ဆိုင်၊ ဓာတ်ဆီဆိုင် စသည့်လုပ်ငန်းလည်ပတ်မှုများကိုစနစ်တကျပြန်လည်စတင်နေကြောင်းသိရသည်။ (Xinhua) ————————— 乌鲁木齐逐步有序恢复生产生活 28日起,在做好疫情防控的前提下,乌鲁木齐市逐步有序恢复公交车、出租车等城市公共交通,以及低风险区与群众生活息息相关的商超、药店、餐厅、加油站等营业场所生产经营活动。
ဝူးလူမုချီ ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ) ဗိုင်းရပ်စ်ပျံ့နှံ့မှု အသစ်တစ်ဖန်ဖြစ်ပွားနေသည့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဝူးလူမုချီမြို့တွင် လက္ခဏာမပြ COVID-19 လူနာများ ၊ သံသယလူနာများ နှင့် အတည်ပြုလူနာများအားလုံးကို အခမဲ့ဆေးကုသမှုပေးနေကြောင်း မြူနီစီပယ်ကျန်းမာရေးစောင့်ရှောက်မှုအရာရှိတစ်ဦးက ဩဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။
ဝူးလူမုချီ၊ မေ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ လုပ်ငန်များပြန်လည်လည်ပတ်လာသည့်ကာလတွင် တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီလေဆိပ် တိုးချဲ့တည်ဆောက်မှု စီမံကိန်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ တိုးတက်လျက်ရှိကြောင်း သိရသည်။