WORLD4 years ago
ဗီယင်နာပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြင်သစ်သမ္မတမက်ခရွန်က အကြမ်းဖက်သမားများအား “ လုံးဝအလျှော့ပေးမည်မဟုတ်” ဟု ထုတ်ဖော် ပြောကြား
ပါရီ ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန်/ကိုငယ် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ သေနတ်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ဝမ်းနည်းပူဆွေးထိတ်လန့်နေသော ဩစတြီးယားပြည်သူများအား ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန်က နှစ်သိမ့်အားပေးစကားပြောကြားခဲ့ပြီး တစ်ဆက်တည်းမှာပင် ၎င်းက “ကျွန်တော်တို့ရန်သူတွေ ခင်ဗျားတို့ဘယ်သူတွေနဲ့ ရင်ဆိုင်နေလဲဆိုတာ သိရစေလိမ့်မယ် ၊ ကျွန်တော်တို့ လုံးဝအလျှော့ပေးမှာ မဟုတ်ဘူး” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။